ကရင်ရိုးရာ စပါးလိပ်ပြာခေါ်ပွဲ

ပို့စ်တင်ချိန် - 1/05/2014 01:20:00 PM


ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံဖြစ်သည့် စပါးလိပ်ပြာခေါ်ပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင် အင်္ဂါနေ့ညနေက ကျင်းပခဲ့သည်။

နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့်အချိန်တွင် စပါးလိပ်ပြာခေါ်ပွဲ ပြုလုပ်ခြင်းဖြင့် လာမည့်နှစ်တွင် ဆန်ရေစပါး၊ သား၊ ငါး ပေါများစေရန် ရည်ရွယ်ကာ ရိုးရာနတ်များကို ပူဇော်သည့်ပွဲဖြစ်သည်။

စပါးတလင်းအဖြစ်ပြုလုပ်ထားသည့် နေရာမှ စပါးစိုက်ပျိုးရိတ်သိမ်းပြီးသည့် လယ်ကွက်အတွင်းသွားရောက်ကာ စပါးစိုက်သည့်အသွင်၊ ငါးဖမ်းသည့်အသွင် စသည်ဖြင့်  ရိုးရာသီချင်းများ သီဆိုကာ ရိုးရာဓလေ့အတိုင်း ပူဇော်ခဲ့ကြသည်။

(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)












ဧရာဝတီ သတင်း