နှစ်သစ်

ပို့စ်တင်ချိန် - 1/05/2014 02:10:00 PM


နှစ်တစ်နှစ်ကုန်လွန်သွားပေါ့..
ဓာတ်ပြားပောာင်းတစ်ချက်ပြန်ဖွင့်ကြည့်သလို ကုန်ခဲ့တဲ့တစ်နှစ်ကိုပြန်ကြည့်တဲ့အခါ...
ကိုယ့်လုပ်ရပ်တိုင်းအတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါစေ...

အချိန်နဲ့အမျှတိုက်စားခံနေရတဲ့ လူပေါ်လူချင်းစာနာမှု၊ လူပေါ်လူချင်း နားလည်မှုတွေ ကုန်ခဲ့တဲ့နှစ်အတွင်းကိုယ့်ဆီက ပွန်းပဲ့ပါသွားခဲ့ရင် နှစ်သစ်မှာနှလုံးသအာပာာရလေးဖြည့်နိင်ပါစေ..

လက်ကမ်းပြီးဆွဲတင်နိင်တဲ့သူကို လက်ဖြုတ်ချခဲ့မိရင် ... နှစ်သစ်မှာလက်ကမ်းသူလေးဖြစ်နိုင်ဖို့ စိတ်ဓာတ်ခွန်အားအပြည့်ရှိပါစေ....

ဒေါသကိုဒေါသနဲ့တုန့်ပြန်မိရင်..မာနကိုမာနနဲ့တုန့်ပြန်ခဲ့မိရင်ခဏလာတဲ့ခရီးသွားဧည့်သည်မို့ အပြုံးမေတ္တာနဲ့ ခွင့်လွှတ်နိုင်သူလေးဖြစ်ပါစေ...

ကိုယ့်ဘဝရဲ့အောင်မြင်မှုရှုံးနိမ့်မှုအတွက် အသိအမှတ်ပြုထိုက်သူတွေ ကျေးဇူးတင်ထိုက်သူတွေကို
ကျေးဇူးတင်ဖို့များ မတော်တဆ မေ့ခဲ့ရင် အသိအမှတ်ပြုတတ်သူလေးဖြစ်ပါစေ..

ဘဝတိုးတက်ရေးအတွက် လုံးပန်းရင်း ကိုယ့်အသက်လောက် ချစ်ရသူတွေကိုချစ်တယ်လို့ပြောဖို့ အခွင့်အရေး မရခဲ့ရင် မေတ္တာပြနိုင်သူလေး ဖြစ်ပါစေ..
စက္ကူကုသိုလ်ထက် အလုပ်ကုသိုလ်၊ အပြုံးကုသိုလ်များများပြုနိုင်သူလေးဖြစ်ပါစေ...

နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ...

အနီတာ ဘာရာဒွါဂျာ
ဧရာဝတီ သတင်း