ဖွဲ့စည်းပုံ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရပြီ

ပို့စ်တင်ချိန် - 1/05/2014 06:15:00 AM

ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ သက်ဆိုင်ရာက ခွင့်ပြုချက် ရပါပြီ။


 ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ရန်ကုန်မြို့တနေရာက မြင်ကွင်း၊ ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)

၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) နဲ့ လူမှု အသင်းအဖွဲ့ပေါင်း ၆ဝ လောက်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒ ပြဖို့ ပြင်ဆင်ပြီး သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီး လက်အောက်ခံ ရဲဋ္ဌာနကို ခွင့်ပြုမိန့် ကို ၈၈ မျိုး ဆက် ( ပွင့်လင်း) အဖွဲ့က ဦးကျော်ကျော်ထွေး ခေါ် ကိုမာကီး ပါ ၂ ဦးက လျှောက်ထား ခွင့်ပြု မိန့် တောင်းခံခဲ့ရာ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ က အခုလို ခွင့်ပြုကြောင်း အကြောင်း ပြန်ကြား လာ တာဖြစ်ပါ တယ်။

BBC Burmese