မြန်မာ ယူ ၂၂ က ထိုင်းကလပ် မြောက်တောင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိ

ပို့စ်တင်ချိန် - 1/05/2014 07:15:00 PM


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  ဇန်န၀ါရီ ၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲစဉ်မှာ  မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းက ထိုင်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မြောင်တောင် အသင်းကို ၃ ဂိုး – ၂ဂိုးနဲ့ အနိုင်ရ သွားခဲ့ပါတယ်။

၁မြန်မာယူ  ၂၂ အသင်းဟာ အာရှဖလား ယူ ၂၂ ပြိုင်ပွဲ ၀င်ဖို့အတွက် လေ့ကျင့် ပြင်ဆင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ခြေစမ်းပွဲကို မိနစ် ၄၀ သုံးပိုင်းခွဲ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအတွက် ဦးဆောင်ဂိုးကို အောင်သူ၊ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ရန်နိုင်ထွေးက သွင်းယူခဲ့တာပါ။

ဒုတိယ ခြေစမ်းပွဲအဖြစ် ထိုင်း လက်ရွေးစင် ယူ ၂၀ အသင်းနဲ့ ဇန်န၀ါရီ ၆ ရက်နေ့မှာ ထပ်မံ ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းဟာ အာရှ ယူ ၂၂ ပြိုင်ပွဲ ၀င်ဖိုအတွက် အိုမန်နိုင်ငံကို ဇန်န၀ါရီ ၉  ရက်နေ့ သွားရောက်ဦးမှာ ဖြစ်ပါတယ်။

အုပ်စု (အေ) မှာ ပါဝင်တဲ့ မြန်မာအသင်းဟာ အိမ်ရှင် အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
DVB Burmese