ဝန်ကြီးချုပ်ဟောင်း ရှာရွန် ဈာပနအတွက် အစ္စရေး ပြင်ဆင်ရန် အချိန်ကျပြီ

ပို့စ်တင်ချိန် - 1/05/2014 10:30:00 AM


ဇန်နဝါရီ ၄။

အစ္စရေးဝန်ကြီးချုပ်ဟောင်း အရီလ်ရှယ်ရွန်၏ ကျန်းမာရေး အခြေအနေသည် လွန်ခဲ့သော နှစ်ရက်ခန့်မှ စတင်ကာ အလွန်ဆိုးရွားသွားပြီဖြစ်ကြောင်း ဒေါက်တာ ဇီးဗ်ရော့အစတိန်းက နိုဝင်ဘာ ၃ရက်က တရားဝင်ပြောကြားလိုက်သည်။



ရှယ်ရွန်သည် ၂၀၀၁ခုနှစ်က ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ၂၀၀၅ခုနှစ်တွင် လေဖြန်းမှု တစ်ကြိမ်ဖြစ်ခဲ့သည်။ ၂၀၀၆ခုနှစ် ဇန်န၀ါရီလ ၄ရက်က  လေသင်တုန်းဖြတ်ကာ ကိုးမားဖြစ်သွားခဲ့ရာ ပြန်လည်သတိရခြင်း လုံးဝမရှိခဲ့ပေ။ လွန်ခဲ့သော နှစ်ရက်က သူ၏ကိုယ်တွင် အင်္ဂါများ ပုံမှန်အလုပ်မလုပ်နိုင်တော့ကြောင်း၊ အထူးသဖြင့် ကျောက်ကပ်မှာ အလွန်ဆိုးရွား နေပြီဖြစ်ကြောင်း ဆရာဝန်က ဆိုခဲ့သည်။



ထို့အတွက် နိုင်ငံအနေဖြင့် ၈၅နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်း၏ ဈာပနကို ကျင်းပရန် ပြင်ဆင်မှုများ စတင်ခဲ့ရပြီ ဖြစ်သည်။



မစ္စတာရှယ်ရွန်က သူ့ကို နေဂီမှ သူ၏နောက်ဆုံးဇနီးသည် လီလီ အုတ်ဂူဘေး၌သာ မြုပ်နှံပေးရန် တစ်ချိန်က ရှင်းရှင်း လင်းလင်းပြောခဲ့ဖူသည်။ သို့သော် မောင့်ဟာဇယ်လ်သည် ၀န်ကြီးချုပ်ဟောင်း၏ ဂူဗိမာန်အတွက် သင့်တော်သောနေရာ ဟုတ်မဟုတ်ကို စဉ်းစားသင့်ကြောင်း ဂျေရုစလင်သတင်းစာက ထောက်ပြထားသည်။



သတင်းစာက ၀န်ကြီးချုပ်ရုံးအနေဖြင့် ရှယ်ရွန်အတွက် ဈာပနကို သူ၏သားများဖြစ်သူ ဂီလက်နှင့်အွန်ရီတို့နှင့် တိုင်ပင်ကာ စီစဉ်သင့်ကြောင်း သူတို့သည် ဖခင်အနီးတွင် အမြဲ ရှိနေခဲ့ကြသူများဖြစ်ကြောင်း ဆိုသည်။ ရှယ်ရွန်နှင့်ပတ်သတ်ပြီး ကျောက်ကပ်များ ပျက်စီးနေသည်ဟူသော သတင်းကို သူကိုးမားဖြစ်ပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်သည့် ယခုအချိန်မှ တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။



ဝန်ကြီးချုပ်ဟောင်း ရှယ်ရွန်သည် သူ့ခေတ်သူ့အခါက နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားခဲ့သူဖြစ်သလို အစ္စရေး နိုင်ငံအတွက် အရေးပါသူတစ်ဦးလည်းဖြစ်သည်။ ထို့အတွက် အကယ်၍ သူ၏ဈာပနကို ပြုလုပ်ဖြစ်ခဲ့လျှင်  နိုင်ငံအနှံ့အပြားမှခေါင်းဆောင်များက လာရောက်ခြင်းရှိမရှိကို စိတ်ဝင်စားလျက် ရှိကြသည်။



လတ်တလောတွင် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆန်မင်ဒဲလားနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ တို့၏ ဈာပနကိုမူ နိုင်ငံအနှံ့အပြားမှ ခေါင်းဆောင်များစွာ တက်နေရောက်ခဲ့ကြသည်။

Ref: Xinhua
The Myanma Age