ဘွဲ့မရသော ထူးချွန် ကမ္ဘာကျော် ပုဂ္ဂိုလ်များ

ပို့စ်တင်ချိန် - 1/05/2014 04:40:00 PM


Sunday, January 5, 2014

Ellen DeGeneres
အမေရိကန် အမျိုးသမီးထုကို လွှမ်းမိုးနိုင်ပြီး အောင်မြင်သော အိမ်ရှင်မ စကားဝိုင်း အစီအစဉ်ဖြင့် အမေရိကန်တွင် လူသိများ ကျော်ကြားခဲ့သူ ဖြစ်သည်။

New Orleans တက္ကသိုလ်တွင် တက်ရောက်ရန် ကျောင်းအပ်နှံခဲ့ပြီး ပထမ နှစ်ဝက်တွင်ပင် သူမအတွက် ကျောင်းတက်ရန် မလိုအပ်ဟူ၍ ကျောင်းထွက် ခဲ့သည်။

Thomas Edison
လျှပ်စစ်မီးသီးကို စတင် တီထွင်ခဲ့ပြီး အောင်မြင် ကျော်ကြားခဲ့သော Thomas Edison သည် အသက် ၁၂ နှစ်တွင် အလုပ်လုပ်ရန် ကျောင်းမှ ထွက်ခဲ့ပြီး တစ်သက်တာလုံး တီထွင်မှုများဖြင့်သာ အချိန်ကုန် စေခဲ့သည်။

Pablo Picasso
ငယ်စဉ်ဘဝ၌ ကံကောင်းထောက်မစွာပင် စပိန်နိုင်ငံ၏ နာမည်ကျော် အနုပညာကျောင်း ဖြစ်သော Royal Academy တွင် အလွန်ကောင်းမွန်သော အနုပညာ ဘာသာရပ်ကို သင်ကြားခွင့် ရရှိခဲ့သော်လည်း ကျောင်းမှထွက်ခဲ့သည်။ အောင်မြင်ကျော်ကြားသော ပန်းချီဆရာအဖြစ် ကမ္ဘာကျော် ပန်းချီကား များကို ရေးဆွဲခဲ့သည်။

James Cameron
ကမ္ဘာကျော် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာ အဖြစ် ကျော်ကြားသူ။ TITANIC နှင့် AVATAR ကဲ့သို့သော ဂန္ထဝင်မြောက် ရုပ်ရှင်ကားကြီးများကို ရိုက်ကူးခဲ့သည်။ ကာလီဖိုးနီးယား တက္ကသိုလ်တွင် ရူပဗေဒ အဓိကဖြင့် တက်ရောက်ခဲ့သော်လည်း ကျောင်းထွက်ကာ ထရပ်ကား မောင်းခဲ့ပြီး သူ့ရည်မှန်းချက် အတိုင်း ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဖြစ်အောင် ကြိုးစားခဲ့သည်။

မြ၀တီ