ကမ္ဘာကျော် Avatar ဇာတ်ကားနောက်ဆက်တွဲ ဇာတ်လမ်းရိုက်တော့မည်

ပို့စ်တင်ချိန် - 1/05/2014 09:00:00 AM


ဆုမြတ်

ဒါရိုက်တာ ဂျိမ်းကင်မရွန်း က သူ၏ နာမည်ကျော် Avatar ဇာတ်လမ်း တွဲ နောက်ဆက်တွဲ ဇာတ်လမ်း သုံးခု ကို နယူးဇီလန် တွင် ရိုက်ကူး မည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

အနည်းဆုံး ကုန်ကျ စရိတ် အမေရိကန် ဒေါ်လာ ၄၁၅ သန်းရှိ မည့် အဆိုပါ ရုပ်ရှင်ကား များကို ဆက် တိုက် ရိုက်ကူးသွား မည်ဖြစ်ပြီး ၂၀၁၆ နှောင်းပိုင်း တွင် ပြသနိုင် မည်ဟု ပြောကြား ခဲ့သည်။

ရုပ်ရှင် ကုန်ကျစရိတ်၏ ၂၅ ရာ ခိုင်နှုန်းကို ထုတ်လုပ်ရေး ကုမ္ပဏီ ခွဲများက တာဝန်ယူ သွားမည်ဖြစ်ပြီး နယူးဇီလန် နိုင်ငံမှ အဆင့်မြင့် ရုပ်ရှင် ထုတ်လုပ်ရေး အဖွဲသားများနှင့် ကမ္ဘာ့ အဆင့်မီ အထူး ပြုလုပ်ချက် များအတွက် ကူညီပေး သွားမည်ဖြစ် ကြောင်း လည်း သိရသည်။

““ကျွန်တော် ကမ္ဘာ အနှံ့က ရုပ်ရှင် အလုပ်သမား ပေါင်းစုံနဲ့ အလုပ် တွဲ လုပ်ဖူးပါတယ်။ ကနေဒါနဲ့ အမေရိကန် ကလူတွေက တော့ ပိုများတာ ပေါ့။ အဲဒီ လူတွေမှာ စိတ် အားထက် သန်မှုပုံစံမျိုးစုံ တွေ့ရပါတယ်”” ဟု ကင်မရွန်းက ပြောကြား ခဲ့သည်။

၂၀၀၉ ခုနှစ်က ဖြန့်ချိပြသ ခဲ့ သော မူလ Avatar ဇာတ်ကား သည် ၀င်ငွေ အများဆုံး ရရှိသည့် ရုပ် ရှင်ဇာတ်ကား အဖြစ် စံချိန် တင်ဆဲဖြစ် သည်။

Source: ShowBiz
By Messenger