တရားဥပဒေစိုးမိုးရေးစင်တာများ မန္တလေးနှင့် ရှမ်းပြည်နယ်တွင် စတင်ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 1/05/2014 03:00:00 PM


ရန်ကုန် ၊ ဇန်န၀ါရီ ၃ ။ ။ မြန်မာ နိုင်ငံတွင်း တရားဥပဒေစိုးမိုး မှုရှိရေး အထောက်အပံ့ဖြစ်စေ ရန်အတွက် တရားဥပဒေစိုး မိုးရေးစင်တာများ ကို မန္တလေး နှင့် ရှမ်းပြည်နယ်တွင် စတင်ဖွင့် လှစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ် သုံးသပ်ရေး ကော် မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

အဆိုပါတရားဥပဒေစိုး မိုးရေးစင်တာများကို ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီး တွင် ၂၀၁၄ခုနှစ်အတွင်း ဆက် လက်ဖွင့်လှစ်သွားနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်း ကို ဇန်နဝါရီ ၂ရက်က အင်း လျားလမ်းရှိ လွှတ်တော်ရုံးခွဲ တွင်ပြုလုပ်ခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။
ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေး ချမ်းရေးကော် မတီ အတွင်း ရေးမှူးဦးဝင်းမြင့်က ''စင်တာ တွေဖွင့်ဖို့ဆိုတာ တရားဥပဒေ စိုးမိုးမှုကို အထောက်အပံ့ဖြစ်စေ ဖို့ပါ။ အခုမှလုပ်ငန်း ညှိနှိုင်းဆွေး နွေး တုန်းပဲရှိသေးတယ်။ သေ ချာတဲ့ဆုံးဖြတ်ချက်တွေ မချရ သေးပါ ဘူး''ဟုပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ် တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော်နှစ်ရပ် ၏ ကော်မတီ၊ ကော်မရှင်အသီးသီး မှ ကိုယ်စားလှယ်များ၊ ပြည် ထောင်စုတရားလွှတ်တော်ချုပ် ကိုယ်စား လှယ်များ၊ ပြည်ထောင် စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များနှင့် UNDP မှကိုယ်စားလှယ်တို့ တက် ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နန်းသီတာဝင်း ၊ ဒီခေတ်နေ
Yangon Media Group