မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား၊ သ၀ဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပို့စ်တင်ချိန် - 1/05/2014 11:30:00 PM


(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို မြိတ်ခရိုင် မြိတ်မြို့ မြို့မအားကစားကွင်း တွင် ဇန်န၀ါရီလ (၄)ရက် နံနက်(၄း၂၀)နာရီက ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့်ဌာန ဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး အလံတင် အဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး အလေးပြုခဲ့ကြသည်။

ယင်းနောက်(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ပွဲကို နံနက်(၇) နာရီတွင်ဆက်လက် ကျင်းပရာ နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ဖတ်ကြားသည်။

ဆက်လက်၍(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊နိုင်ငံရေး ပါတီများ၊ ရပ်မိရပ်ဖများ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ