တပည့်ကို အဓမ္မကျင့်လို့ ထောင်ကျဖူးတဲ့ ဆရာမ ထပ်မံ အဖမ်းခံရ

ပို့စ်တင်ချိန် - 1/08/2014 04:30:00 PM


၂ဝဝ၅ ခုနှစ်က တပည့်ဖြစ်သူ Vili Fualaau နဲ့ လက်ထပ်ခဲ့တဲ့ ဆရာမ Mary Kay Letourneau၊ ဓာတ်ပုံ- စီအန်အန်

ကိုယ့် တပည့်ကို အဓမ္မြ့ပုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်ထက်မနည်း ကျခံခဲ့ရသူ ဆရာမ မေရီ ကေ လ တူးနူးဟာ အခုတခါ နောက်ထပ် ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံလိုက်ပြန်ပါပြီ။

မေရီ ကေဆိုတဲ့ ဆရာမဟာ သူ့ရဲ့ တပည့်တွေထဲက ဂရိတ် ၆ က ကျောင်းသားတဦးကို လိင်မှု မတရား
ပြုကျင့်မှုနဲ့ ထောင် ချခံ ခဲ့ရလို့ နာမည် ကြီးခဲ့သူလည်း ဖြစ်ပြီး အခုထပ်ပြီး အဖမ်းခံလိုက်ရတာတော့ ပြစ် ဒဏ်ပေး ထား လို့ ယာဉ်မောင်းခွင့် မပြု ထားတဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ကားမောင်းတယ်ဆိုပြီး စွပ်စွဲခံ လိုက်ရလို့ပါ။

ဝါရှင်တန် ပြည်နယ်က က တာဝန်ရှိသူတဦးဖြစ်တဲ့ ဂျူလီ မာဖီ ဆိုသူရဲ့ အပြောအရ ယာဉ်မောင်း ဖို့ ပြန် ခွင့်မပြုသေးတဲ့ လိုင်စင်နဲ့ ကား မောင်းလို့ ဖမ်းတာလို့ ပြောတာကို စီအန်အန် သတင်းတပုဒ် က ဖော်ပြ ထားပါတယ်။

ဆရာမ မေရီ ကေ ကို အခု တနင်္လာနေ့စောစောကပဲ သူ့ကို ထိန်းသိမ်းလိုက်တာဖြစ်ပြီး ဒဏ်ငွေ ဒေါ်လာ ၅ ထောင် အာမခံ နဲ့ ပြန်လွှတ်ပေးခဲ့ပြီလို့ ပြောခွင့်ရသူတဦးကို ကိုးကားပြီး စီအန်အန်က ဖော်ပြထားပါ တယ်။

ဆရာမ မေရီကေ လ တူးနူးအခု အင်္ဂါနေ့မှာတော့ တရားရုံးတက်ရာမှာဖြစ်ပါတယ်။

ဆရာမ မေရီ ကေ လ တူးနူးဟာ ၂ဝဝ၅ ခုနှစ်မှာပဲ သူ့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ Vili Fualaau နဲ့ လက်ထပ်ခဲ့ပြီး အခုဆို သူတို့မှာ ကလေး ၂ ဦးတောင် ရနေပါပြီ။

သူတို့ ၂ ဦးရဲ့ ဇာတ်လမ်းကို ယူကျုမှာ အခုလို ဖော်ပြထားပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ သတင်း