ကေအိုင်အိုနှင့် ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေပါက ရှမ်းလူမျိုးများ လက်နက်ကိုင်ဆောင်မည်

ပို့စ်တင်ချိန် - 1/08/2014 12:30:00 AM


ကချင်ပြည်နယ်အတွင်းရှိ နေထိုင်သော ရှမ်းလူမျိုးများအား KIO/KIA မှ ဖိနှိပ်ချုပ်ချယ်မှုအပေါ် တွေ့ဆုံညှိနှိုင်းခွင့်
တောင်းဆိုထားသော်လည်း အဆင်မပြေပါက ရှမ်းလူမျိုးများ အနေဖြင့် တရားဥပဒေနှင့်အညီ လက်နက်ကိုင်ဆောင်ခွင့် တင်ပြသွားမည်ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ နာယက ဦးစိုင်းသာဇုံက ပြောကြားသည်။
“ဆန္ဒပြရင် မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခကို မဖြစ် စေချင်လို့ အခုဆွေးနွေးတဲ့ အပိုင်းကို ဦးတည်သွားတာပါ၊
ဆွေးနွေးလို့မှ မအောင်မြင် ဘူးဆိုရင် လူထုဆန္ဒအရ ဆန္ဒ ဖော်ထုတ်မယ်၊ အဲဒါမှ မရဘူးဆိုရင်တော့ တရားဥပဒေနဲ့
အညီ လက်နက်ကိုင်ဆောင်တဲ့အထိ သွားမယ်”ဟု ၎င်းကပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့၏ ငြိမ်းချမ်းရေး
သဘောတူစာချုပ်ပါ အချက်များ အပေါ် ကျူးလွန်ဖောက် ဖျက်နေသည့် KIA တို့၏ လုပ်ရပ်များကြောင့် ကချင်ပြည်နယ် အတွင်း နေထိုင်သော ရှမ်းလူမျိုးများအပေါ် စိတ်ဆန မပါဘဲ စစ်သားစုဆောင်းခံရခြင်း၊ အခွန်များ ပေးဆောင်နေရခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းအပေါ် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့က KIO ကိုယ်စားလှယ်အဖွဲ့အား တိုက်ရိုက်
တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ဇန်န၀ါရီ ၁၄ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးဆန်းအောင်က ရှမ်းပြည်နယ်မှာရှိနေတဲ့
ကျွန်တော်တို့ ကချင် လူမျိုး တွေကိုလည်း စစ်သားစုဆောင်း ခံရတာ ရှိပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့
ဆွေးနွေးရမှာ မဟုတ်ဘူး၊ KIO နဲ့ ဆွေးနွေးရမှာပါ၊ ဆွေးနွေး ဖို့လည်း အမျိုးမျိုး ကူညီပေးနေပါတယ်”ဟု ၎င်းမှ ပြောကြား
သည်။

ရှမ်းလူမျိုးများအနေဖြင့် လူထုဆန္ဒဖော်ထုတ်ခြင်းမျိုးသည် မလွှဲမရှောင်သာသည့် အခြေအနေမှသာ ဖော်ထုတ်ပြသ မည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်း ခြင်းဖြင့် သွားမည်ဖြစ်ကြောင်း ညှိနှိုင်း၍ အဆင်မပြေမှ ဆန္ဒပြသမည်ဖြစ်၍ ဆန္ဒပြသပြီး
တောင်းဆိုတာမှ အကြောင်းတစုံတရာ မထူးခြားပါက လက်နက်ကိုင်ဆောင်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း
ရှမ်းရေးရာ အဖွဲ့နာယကဦးစိုင်းသာဇုံက ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) အနေဖြင့် ရှမ်းတိုင်းရင်းသားများအား အလိုမတူဘဲ စစ်သားစုဆောင်း
မှုများကြောင့် ရှမ်းတိုင်းရင်း သားများက ဒီဇင်ဘာ ၂၀ ရက် နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ရုံးရှေ့တွင် ဆန္ဒပြသခွင့် တောင်းခံထား သော်လည်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် အချိန်ဖြစ်၍ ဆန္ဒပြတောင်းဆိုခွင့်အား ပြုခဲ့ခြင်း မရှိခဲ့ပေ။

ရဲကိုကို
People power