အိမ်ခြံမြေ ရောင်းဝယ်မှု ကဏ္ဍ အခွန်ရှောင်ခြင်းများတွင် အမှန်တကယ်နေ ထိုင် သူထက် ၀ယ်ရောင်းများ ပိုများနေ

ပို့စ်တင်ချိန် - 1/08/2014 02:22:00 PM


ရန်ကုန် ၊ ဇန်န၀ါရီ ၇ ။ ။ အိမ်ခြံမြေ ရောင်းဝယ်မှု လုပ်ငန်းမှ အခွန် ရှောင်နေခြင်း များတွင် အမှန် တကယ်ဝယ်ယူနေထိုင်သည့် သူများထက် ဝယ်ရောင်းပွဲစား များက ရာခိုင်နှုန်းပိုများကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ အကြီးတန်းအရာရှိတစ် ဦးက ''အိမ်ခြံမြေ အခွန်ရှောင်တဲ့ နေရာမှာ ဝယ်ရောင်းသမားတွေ က ရာခိုင်နှုန်း ၈၀ လောက်ရှိ တယ်။ တကယ်ဝယ်ယူပြီးနေ မယ့်သူ အခွန်ဆောင်တာကတော့ ရာခိုင်နှုန်း ၂၀ လောက်ပဲရှိနိုင် တယ်။ ဝယ်ရောင်းသမားတွေ က ဘာလို့အခွန်ရှောင် တာလဲ ဆိုတော့ အခွန်ဆောင်လိုက်ရင် သူ့အတွက် အမြတ်အစွန်းရ သွားတာနည်းသွားမယ်။ ဒါ ကြောင့် အခွန်မဆောင်ဘူး။ အ ခွန်ရှောင်တယ်။ သူတို့ကအခွန် မဆောင်လဲ ပါဝါနဲ့နေလို့ရတယ်'' ဟု ပြောသည်။

အိမ်ခြံမြေဝယ်ရောင်း အခွန်များနှင့်ပတ်သက်၍ အခွန် ကိုအမှန်တကယ် မဆောင်နိုင် သေးသောကြောင့် မဆောင် သည့်သူများရှိသကဲ့သို့ တချို့ သောဝယ်ရောင်းများသည် ၎င်း ၏ပစ္စည်းအား ခိုင်ခိုင်မာမာပြော ဆိုရောင်းနိုင်ရန်အတွက် အခွန် ဆောင်ပြီး ဝယ်ရောင်းလုပ်ကိုင် သည့်သူများလည်းရှိကြောင်း ယင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ ပြင် မန္တလေးတိုင်းဒေသကြီးအ တွင်းတွင်လည်း အိမ်ခြံမြေရောင်း ဝယ်မှုများမှအခွန်များအား တိ ကျစွာရရှိရန်အတွက် ကာလ တန်ဖိုးစိစစ်ရေးအဖွဲ့များအား ဖွဲ့စည်း၍ အိမ်ခြံမြေစံဈေးနှုန်း များအား သတ်မှတ်ပေးခဲ့သည်။

ယင်းကဲ့သို့သတ်မှတ်ပေးသည့် ဈေးနှုန်းများသည်အပြင် ပေါက် ဈေးများထက် ပိုမိုများပြားသ ဖြင့် အိမ်ခြံမြေအခွန်ဆောင်မှု အပိုင်းတွင် အားနည်းလျက်ရှိ လာပြီး အခွန်ရှောင်သည့်သူများ ပိုမိုများပြားလာကြောင်း အိမ် ခြံမြေအသိုင်းအဝိုင်းက ဆိုသည်။

ယခင်အိမ်ခြံမြေအခွန် ၁၅ ရာခိုင်နှုန်းကောက်ခံချိန်တွင် အခွန်ဆောင်မှုများ များပြား လျက်ရှိပြီး အိမ်ခြံမြေအခွန် ဆောင်မှုအား၃၇ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်လိုက်ချိန် တွင် ယခင်ဆောင်နေသည့် လူ ဦးရေထက်အိမ်ခြံမြေ အခွန် ဆောင်မှုမှာ လျော့နည်းလျက် ရှိပြီး ၂၀၁၂ ခုနှစ် အောက်တို ဘာ ၁ ရက်မှစတင်ကာပြောင်း လဲ သတ်မှတ်လိုက်သည့် အိမ်ခြံ မြေစံဈေးနှုန်း များကြောင့် ယ ခင်အခွန်ဆောင်ခြင်းထက်သိ သာစွာလျော့နည်းလာကြောင်း သိရသည်။

အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူတစ်ဦးက ''အ ရင်တုန်းက ၁၅ ရာခို န်း ကောက်နေချိန်က အရောင်းအ ဝယ်တွေလဲဖြစ်တယ်။ အခွန် ဆောင်တဲ့ သူတွေကလဲ ဆောင် တယ်။ ၃ရ ရာခိုင်နှုန်းပြောင်း လိုက်တဲ့အချိန်မှာ အခွန်ဆောင် တဲ့ လူကနည်းသွားသလို ဈေး တွေကလဲ မကျဘဲတက်လာ တယ်။ စံဈေးနှုန်းလဲသတ်မှတ် လိုက်တော့ ဈေးတွေက အမြင့် ဈေးတွေနဲ့ တန့်နေတဲ့အပြင် အခွန်ဆောင်တဲ့ လူတွေကလဲ ကာလတန်ဖိုးစိစစ်ရေး အဖွဲ့က သတ်မှတ်တဲ့အတိုင်းဆောင်ရ မယ့်အတွက် ရှောင်တာတွေ လဲရှိလာတယ်''ဟု ပြောသည်။
အောင်သူ (ဒေးဒရဲ)
Yangon Media Group