ပျိုမေ တိုင်း လေ့ကျင့် ရမည့် နည်းလမ်းကောင်း (၅ ) သွယ်

ပို့စ်တင်ချိန် - 2/08/2014 01:10:00 PM



အသက်အရွယ် မရွေး အမျိုးသမီး များ လေ့ကျင့် နိုင် သည့် သားအိမ် လေ့ကျင့်ခန်းများ

ပျိုပျို အိုအို အရွယ်စုံ အမျိဲုးသမီးတိုင်း အတွက် အကျိုးကျေးဇူး ရရှိစေမယ့် သားအိမ်လေ့ကျင်ခန်း တချို့ကို ဖော်ပြ မှာ ဖြစ်ပါ တယ်..ဒီ နည်းလမ်းတွေ ကို GINGER GYM မှ နည်းပြ မစွဲမြတ်ဟေသီ က ပြသပေးခဲ့ပါတယ်....အထောက်အကူပြု ကိရိယာ မပါ ဘဲ လေ့ကျင့်နိုင်မှာ ဖြစ်တဲ့ အတွက် အိမ်မှာဘဲနေနေ ခရီးဘဲသွား သွား လေ့ကျင့်ရ အဆင်ပြေစေပြီး ငွေကုန်ကြေးကျ သက်သာစေ တာ မို့ လေ့ကျင့်ကြည့်ပါအုံးနော်....

နည်းလမ်းကောင်း ( ၁ ) A . ပုံ မှာ မြင်တွေ့ရတဲ့ အတိုင်း ပက်လက်လှန်အိပ်ပြီး ဒူးထောင် ထားပါ ။ B . လက်နှစ်ဘက် ကို ခါးအောက်မှ ပင့်မပြီး ခြေဖျားထောက် ကာ ခန္ဓာကိုယ် ကို ကော့နိုင်သမျှ အဆုံးထိ ကော့ထားပါ ။ စိတ်ကို မွေးလမ်းကြောင်း ကြွက်သားပေါါ်မှာ အာရုံ စူးစိုက်ထားပြီး ၄င်းကြွက်သားကို အဆုံးထိ ကျုံ့ထားပေးပါ ။ အဲဒီ အနေအထားအတိုင်း ကို စိတ်မှတ်ဖြင့် (၁) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ C. ပြီးလျှင် ခြေဖျားထောက်ထားရာမှ ဖနောင့်ပြန်ချပြီး ခန္ဓာ ကိုယ် ကို ကော့နိုင်သမျှ အဆုံးထိ ကော့ထားပါ ။ စိတ်ကို မွေးလမ်းကြောင်း ကြွက်သားပေါ်မှာ အာရုံစူးစိုက်ထားပြီး ၄င်းကြွက်သားကို အဆုံးထိ ကျုံ့ထားပေးပါ ။ အဲဒီအနေအထား မှာ လည်း စိတ်မှတ်ဖြင့် (၁) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ အားလုံးပြီး လျှင် အစအဆုံး တစ်ကြော့ပြန် စ ပါ ။ ဤသို့ လေ့ကျင့်ခြင်း ကို ( ၅ ) ကြော့ မှ ( ၁၀ ) ကြော့ အထိ ပြုလုပ်ပေးပါ ။

နည်းလမ်းကောင်း ( ၂ ) A . ပုံပါ အနေအထားအတိုင်း ခြေတစ်ဘက် ကို ရှေ့ဘက် မှာ ၉၀ံ ကျအောင် ဒူးကွေးထားပြီး ကျန်ခြေတစ်ဘက် ကို အနောက်ဘက်သို့ ကွေးထားပါ ။ B . အရှေ့ဘက် မှာ ကွေးထားတဲ့ ဒူး ကို ၉၀ံ ဒီကရီ အတိုင်း ပုံမပျက် စေဘဲ ကိုယ် ကို ရှေ့သို့ကိုင်းချပါ ။ ကိုင်းချချိန်မှာ နောက်ခြေကို ခန္ဓာကိုယ် နှင့် တတန်းထဲ ဖြောင့်နေအောင်ဆန့် ထားပါ ။ လက်နှစ်ဘက် ကို ရှေ့သို့ ဆန့်တန်းပြီး နှဖူး နှင့် ကြမ်းပြင် ကို ထိထားပါ ။ နှဖူး ကို ကြမ်းပြင် သို့ထိရာမှာ စိတ်ကို လျှော့ထားပြီး တဖြေးဖြေးချင်း သွားထိပေးးပါ ။ စိတ် အာရုံ ကို မွေးလမ်းကြောင့်း ကြွက်သားမှာ စူးစိုက် ထားပြီး ၄င်းကြွက်သား ကို ကျုံ့ထားပါ ။ အဲဒီ အနေအထားအတိုင်း စိတ် မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိ ရေတွက်ပြီး နေပါ ။ ပုံမှန်အနေအထားသို့  ပြန်သွားရာမှာလည်း စိတ်ကို လျှော့ထားပြီး ဦးခေါင်းကို တဖြေးဖြေးချင်း ပြန်ထပေးရမှာဖြစ်ပါတယ် ။ ဤ သို့လေ့ကျင့်ခြင်း ကို ဘယ်ခြေ ညာခြေ ပြောင်းပြီး ငါးကြိမ်စီ လေ့ကျင့်ပေးပါ ။ သားအိမ် အတွက် ကောင်းမွန်စေရုံသာ မက ပုခုံး ၊ တင်ပါး ၊ ပေါင်တံ များ ကို လည်း အကြောပြေလျော့စေ မှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၃ ) A . ခန္ဓာကိုယ် ကျောဘက်ကို ကြမ်းပြင်မှ ၄၅ံ ဒီဂရီ အကွာထားပြီး ခပ်လျောလျော အနေအထားထိုင်ပါ ။ လက်နှစ်ဘက် ကို ခပ်ဖျော့ဖျော့ ထားပြီး ယှက်ထားပါ ။ B . ခြေထောက် ၂ ဘက် ကို ကြမ်းပြင်နှင့် မထိစေဘဲ ရှေ့ သို့ ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးပါ ။ C . ခြေ နှစ်ဘက် ကို ရှေ့သို့ ဆန့်ချိန်တွင် ကျောဘက်သည် ကြမ်းပြင်မှ ၃၀ဲ ဒီဂရီ အကွာမှာ ရှိနေရမှာ ဖြစ်ပြီး ခြေကွေးလိုက်ချိန်တွင် ၄၅ံ ဒီဂရီ အကွာ မှာ ရှိနေရမှာ ဖြစ်ပါတယ် ။ ဤ နည်းလမ်း ကို လေ့ကျင့်ရာမှာ စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိရေတွက်ပြီး ( ၃၀ ) ပြည့်လျှင် တကြော့ ဟု သတ်မှတ်ကာ ( ၅ ) ကြော့ လေ့ကျင့်ပေးပါ ။ သားအိမ် ကို ၀ပ်စေပြီး ၀မ်းဗိုက် ကို လည်း ချပ်ရပ်လှပစေမှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၄ ) A . ခန္ဓာကိုယ် ကျောဘက်ကို ကြမ်းပြင် မှ ၃၀ံ ခန့် အကွာမှာထားပြီး လက်နှစ်ဘက် ကို ဘေးဘက်မှာ ခပ်ဆန့်ဆန့်ထားပါ ။ လက်နှစ်ဘက် ကို ကြမ်းပြင်သို့ မထောက်ထားရပါ ။ B .ခြေ နှစ်ဘက် ကို လည်း ကြမ်းပြင်သို့ မထိစေဘဲ စက်ဘီး နင်းသလို အနေအထားအတိုင်း လေ့ကျင့်ပါ ။ ဤနည်းလမ်းကို လေ့ကျင့်ရာမှာ စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၃၀ ) အထိ ရေတွက်ပြီး ( ၃၀ ) ပြည့် လျှင် တစ်ကြော့ဟု သတ်မှတ်ကာ ( ၅ ) ကြော့ လေ့ကျင့်ပေးပါ ။သားအိမ် ကို ၀ပ်စေပြီး ၀မ်းဗိုက် ကိုလည်း ချပ်ရပ်လှပစေမှာ ဖြစ်ပါတယ် ။

နည်းလမ်းကောင်း ( ၅ ) A. ပုံမှာ တွေ့ရသည့် အတိုင်း ကြမ်းပြင် မှာ တတောင် ချ ထိုင်ပြီး မျက်နှာကို ပုံမှန်ထားပါ ။ B . ရှေ့ချထားတဲ့ လက်နှစ်ဘက် ကို ရှေ့သို့ ( ၄ ) လှန်း အထိ ဆန့်ထုတ်ပါ ။ C . ဆန့်ထုတ်ထားသည့် လက်ကို အားပြုပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရှေ့သို့ဆန့်ထုတ်ပါ ။ ခန္ဓာ ကိုယ် ကို ဆန့်ထုတ် ချိန်တွင် မွေူးလမ်းကြောင်း ကြွက်သားကို ကျုံ့ထားပါ ။ D. ဆန့်ထုတ်ထားတဲ့ ခန္ဓာ ကိုယ် ကို ကြမ်းပြင်နှင့် တသားထဲဖြစ်အောင် ၀ပ်ချလိုက်ပြီး စိတ်မှတ်ဖြင့် ( ၁ ) မှ ( ၁၀ ) အထိ ရေတွက်ပြီးနေပါ ။ ပြီးလျှင် အစ မှ ပြန် စ ပါ ။ ( ၅ ) ကြော့ ပြုလုပ်ပေးပါ ။

နည်းလမ်းလေးတွေကို လေ့ကျင့်ခြင်း အားဖြင့် အပျိုဖော်ဝင် စ မှ သွေးဆုံးချိန် အထိ မီးယပ်နှင့် ပတ်သက်တဲ့ ဝေဒနာတွေ ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။ ဓမ္မတာ မမှန်ခြင်း ၊ ဓမ္မတာ ကြောင့် နာကျင်ကိုက်ခဲခြင်း ၊ စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျခြင်း ၊ အ၀လွန်ပြီး လရှည်ကြာစွာ မီးယပ်ထိန်ခြင်း ၊သွေးဆုံးကိုင်ခြင်း အစရှိသော ဝေဒနာ များကို ဖယ်ရှားနိုင်ပြီး သွေးသားမှန်ကန် လှပလာစေမှာ ဖြစ်တယ်ဆိုတာ အကြံပြု တင်ဆက်လိုက်ပါတယ်