အလေးမလေ့ကျင့်ခန်းက အခြားလေ့ကျင့်ခန်းများထက် အမျိုးအစား (၂) ဆီးချိုအား ပိုမိုကာကွယ်နိုင်

ပို့စ်တင်ချိန် - 2/08/2014 07:40:00 PM


Harvard University မှ လုပ်ဆောင်ခဲ့သော လေ့လာမှုတစ်ခုအရ ပုံမှန်အလေးမလေ့ကျင့်ခန်းလုပ်လေ့ရှိသူ အမျိုးသမီးများက မလုပ်သည့်အမျိုးသမီးများထက် အမျိုးအစား(၂) ဆီးချိုဖြစ်နိုင်ချေ လျော့နည်းကြောင်း သိရသည်။ယင်းလေ့လာမှုတွင် အမျိုးသမီးပေါင်းများစွာအား ၈နှစ်ကြာ

လေ့လာခဲ့ကြခြင်းဖြစ်သည်။ယင်းလေ့လာမှုတွင် ဆရာဝန်များက အလေးမခြင်းနှင့် အလေးမခြင်းကဲ့သို့ ကြွက်သားများအား ၀န်ပေးသည့်လေ့ကျင့်ခန်းများ

လုပ်သည့်အမျိုးသမီးများက အမျိုးအစား(၂) ဆီးချိုအဖြစ်နည်းကြောင်း တွေ့ရှိခဲ့ကြသည်။ရလဒ်များအရ တစ်ပတ်လျှင် မိနစ် ၁၅၀ လေ့ကျင့်ခန်းလုပ်သူခြင်းတူလျှင် အလေးမလေ့ကျင့်ခန်းလုပ်သည်သူများက အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ချေ သုံးပုံတစ်ပုံ ပိုနည်းကြောင်းတွေ့ရသည်။

အပိန်လေး

ref:Netdoctor.co.uk
Health Updates Journal