(၅၃) အထူးယာဉ်ကြီး ပလက်ဖောင်းပေါ်တက် သစ်ပင်ကိုဝင်တိုက်

ပို့စ်တင်ချိန် - 2/08/2014 01:26:00 PM



ရန်ကုန် ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁နာရီခွဲခန့်က အလုံမြို့နယ် ကမ်းနားလမ်းနှင့်အ လုံလမ်းထောင့် မီးပွိုင့် MAX စက်သုံးဆီဆိုင်အနီးတွင် သစ်တောလမ်းဘက်မှ ကွေ့လာသောထောက်ကြန့်-ဆူးလေ ပြေးဆွဲသည့်(၅၃) အထူးယာဉ် ၂ခ/...သည်ဘရိတ်ပေါက်ပြီး ပလက်ဖောင်းပေါ်ရှိ သစ်ပင်ကို ဝင်ရောက် တိုက်ပြီး ရပ်တန့်သွားခဲ့သည်။

ယာဉ်ပေါ်တွင် ခရီးသည်များမပါရှိသည့်အတွက် ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့ပါ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ယာဉ်တိုက်မှုအရှိန်ကြောင့် ရှေ့ညာဘက်ဘန်ပါ ပျက်စီးသွားခဲ့သည်။ ယာဉ်တိုက်မှုကို အလုံမြို့နယ် ယာဉ်စစ်အဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

MOI Webportal Myanmar