မယ်လက်တိုနင်ဟော်မုန်း

ပို့စ်တင်ချိန် - 2/08/2014 07:41:00 PM


မယ်လက်တိုနင် (melatonin) သည် ဦးနှောက်တွင်းရှိ pineal glandမှ ထုတ်လုပ်သော ဟော်မုန်းတစ်ခုဖြစ်သည်။ မယ်လက်တိုနင်သည် အိပ်ခြင်းနှင့်နိုးခြင်းစက်ဝန်းကို ထိန်းချုပ်ပေးသည်။ အသား၊ အစေ့ အဆန်များ၊ သစ်သီး၊ ဟင်းရွက်များတွင်လည်း မယ်လက်တိုနင် မဆိုစ လောက်ပါတတ်သည်။
ညနေခင်းအချိန်မှစ၍ ခန္ဓာကိုယ်တွင်း မယ်လက်တိုနင်ပမာဏ တဖြည်းဖြည်းမြင့်တက်လာပြီး ညအချိန်တွင် အမြင့်ဆုံးရောက်လာသည်။ ထို့နောက် နံနက်စောစော အချိန်မှစ၍ ဖြည်းဖြည်းချင်းပြန်ကျသည်။ အလင်းရောင်ရရှိမှုကလည်း မယ်လက်တိုနင် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသည်။ နေ့တာတို သည့် ဆောင်းရာသီအချိန်များတွင် မယ်လက်တိုနင် စောစောထွက်ပြီး လေးလံထိုင်းမှိုင်းစေသည့်အတွက် ဆောင်း တွင်းစိတ်ကျဝေဒနာဟူ၍ပင် ခေါ်ဆိုကြသည်။
သဘာဝအတိုင်းထွက်ရှိသည့် မယ်လက်တိုနင်ပမာဏသည် အသက် ကြီးလာသည်နှင့် တဖြည်းဖြည်းနည်းပါးလာသည်။ အချို့ သက်ကြီးရွယ်အိုများ၌ မယ်လက်တိုနင် လုံးဝမထွက်တော့သည်ကို တွေ့ရသည်။ လေယာဉ်ခရီးပျံသန်းရခြင်းကြောင့် နေ့နှင့်ညလွဲခြင်း၊ အိပ်မပျော်ခြင်း စသည့် ဝေဒနာများအတွက် မယ်လက်တိုနင်ပါဝင်သော ဆေးပြားများ ပေးသွင်းကုသနိုင်သည်။ ညဆိုင်း အလုပ်လုပ်ရသူများ၊ ခွဲစိတ်ကုသမှု ခံယူပြီး နောက်အိပ်မပျော်ဘဲ စိတ်ရှုပ်ထွေးခြင်း၊ နာတာရှည်ခေါင်းကိုက် ခြင်းတို့ကိုလည်း မယ်လက်တိုနင် ဆေးပြားဖြင့် သက်သာစေနိုင်သည်။ မျက်စိမမြင်ရသူများတွင် အလင်းရောင်ကို မြင်နိုင်စွမ်းမရှိသောကြောင့် မယ်လက်တိုနင် အချိန်မှန်မှန်မထွက်ဘဲ နေ့ခင်းဘက်အိပ်၍ ညဘက်နိုးနေတတ်သည့် ပြဿနာကိုလည်း မယ် လက်တိုနင်ဆေးပြားဖြင့် ကုသပေး နိုင်သည်။
ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များ အ နေနှင့် မယ်လက်တိုနင်ဆေးပြားကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက် သုံးသင့်သည်။ မယ်လက်တိုနင် ဘေးထွက်ဆိုးကျိုးများမှာ အိပ်ငိုက် ခြင်း၊ ကိုယ်အပူချိန်ကျခြင်း၊ အိပ်မက်မက်ခြင်း၊ နံနက်ချိန်တွင် အိပ်ရာထရန် ခက်ခြင်းတို့ဖြစ်ကြသည်။
မယ်လက်တိုနင် သောက်သုံး ခြင်းကြောင့် အိပ်ငိုက်တတ်ပါက ကားမောင်းစရာရှိလျှင်၊ မမောင်းသင့်ပါ။စက်ပစ္စည်း ကိုင်တွယ်စရာရှိလျှင် မသုံးစွဲသင့်ပါ။

သီဟ
Ref:WebMD
 by Health Updates Journal  /  1d  //  keep unread  //  hide  //