ရာသီကုန်တွင် ဗီဒစ် အသင်းပြောင်းမည်

ပို့စ်တင်ချိန် - 2/08/2014 09:36:00 AM




မန်ယူနောက်ခံလူ ဗီဒစ်က ယခုရာသီအကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့သည်။ ဗီဒစ်နှင့် မန်ယူတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုရာသီ ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်မဟုတ်ဘဲ အင်္ဂလန်မြေကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ဗီဒစ်က ပြောခဲ့သည်။ ဗီဒစ်မှာ ၂၀၀၆ခုနှစ်တွင် စပါးတပ်မော်စကိုမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူနှင့်အတူ ပရီးမီးယားလိဂ် ဖလား(၅)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး ဆွတ်ခူးနိုင်ခဲ့ကာ မန်ယူကစားသမား ဘ၀တစ်လျှောက် ဆုဖလား ၁၅လုံး ရရှိခဲ့သူဖြစ်သည်။

ဗီဒစ်က “ ကျွန်တော့် စာချုပ်သက်တမ်းရဲ့နောက်ဆုံးနှစ် ရောက်လာပါပြီ။ မန်ယူမှာ ကစားခဲ့ရဟာ ကျွန်တော့် ကစားသမားဘ၀ရဲ့ အကောင်းဆုံး အခိုက်အတန့်ပါပဲ။ ဖလား(၁၅)လုံး ရခဲ့မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပါဘူး”

“ဒါပေမဲ့ အခုချိန်မှာတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့အတွက် မန်ယူကနေ ကျွန်တော် ထွက်တော့မှာပါ။ ပရီးမီးယားလိဂ် ကလပ်တွေထဲက မန်ယူတစ်သင်းမှာပဲ ကစားချင်တဲ့အတွက် အင်္ဂလန်မှာ ဆက်နေဖို့လည်း စိတ်ကူးမရှိပါဘူး”ဟု ပြောခဲ့သည်။ ယင်းအတွက်ကြောင့် ဗီဒစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အင်တာမီလန်၊ မိုနာကိုတို့အနေဖြင့် မကြာမီကာလအတွင်း အပြိုင်အဆိုင် ကမ်းလှမ်းသွားကြဖွယ်ရှိကြောင်း သိရသည်။

@z (ရိုးရာလေး)