ဟောင်ကောင်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်တို့ ကြဲချခဲ့တယ်လို့ ယူဆရတဲ့ မပေါက်ကွဲသေးတဲ့ ဧရာမ ဗုံးကြီးတစ်လုံးကို ဗုံးလက်နက် ကျွမ်းကျင်သူတွေက စနက်တန် ဖြုတ်နိုင်ခဲ့ပါတယ်။

ပို့စ်တင်ချိန် - 2/08/2014 11:05:00 AM


ဟောင်ကောင်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်တို့ ကြဲချခဲ့တယ်လို့ ယူဆရတဲ့ မပေါက်ကွဲသေးတဲ့ ဧရာမ ဗုံးကြီးတစ်လုံးကို ဗုံးလက်နက် ကျွမ်းကျင်သူတွေက စနက်တန် ဖြုတ်နိုင်ခဲ့ပါတယ်။

အလေးချိန် ၉၀၀ ကီလို ဂရမ်ရှိတဲ့ ဒီဗုံးကြီးကို ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်သမားတွေက တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီ အနီးအနားက လူနေအိမ်တွေနဲ့ ဟိုတယ်က လူပေါင်း ၂၀၀၀ ကျော်ကို လည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

ဗုံးစနက်တန် ဖြုတ်ရာမှာ ကျွမ်းကျင်သူ ထိပ်တန်း အရာရှိတစ်ဦးက ဒီဗုံးကြီးကို နေရာရွှေ့ဖို့ရာ အလွန်တရာမှ အန္တရာယ် ရှိပြီး ပေါက်ကွဲခဲ့ပါက အနီးအနားက အဆောက်အဦးတွေ ပြိုကျနိုင်တယ်လို့ ဆိုပါတယ်။

BBC Burmese