မိုင်းဖုန်းဆရာတော် ရန်ကုန်ကြွမည်

ပို့စ်တင်ချိန် - 2/20/2014 02:43:00 PM


၂၀/၂/၂၀၁၄ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါမည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင်
ရွှေသင်္ကန်းသွားရောက်လှူဒါန်းပါမည်။

ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ကျိန်းပါမည်။
၂၁/၂/၂၀၁၄ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်း
ဆက်ကပ်ပါမည်။

ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။

၂၂-၂၃/၂/၂၀၁၄ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။
၂၄-၂၅/၂/၂၀၁၄ မန္တလေးသို့ ကြွပါမည်။
၂၆/၂/၂၀၁၄ မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။
၂/၃/၂၀၁၄ ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။
၁၂/၃/၂၀၁၄ မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။

မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါတယ်။ ကျန်းမာပါစေ။

တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ
(စ၀်ဆုခမ်း တန့်ယန်း)