ဘင်္ဂလားဒေ့ရှ်တောင်းသည့် ရုပ်အလောင်းလွှဲပြောင်းပေးချိန် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 5/31/2014 07:26:00 PM


မောင်တော၊ မေ ၃၀- မေလ ၂၈ ရက်က မြန်မာပိုင်နယ်စပ်ခြံစည်းရိုး သို့ ဖြတ်ကျော် ဝင်ရာက်လာသော RSO သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးအား မြန်မာဘက်မှ ခုခံပစ်ခတ် မှုကြောင့် သေဆုံးခဲ့မှုအပေါ် တစ်ဖက် BGB တပ်ရင်းမှ သေဆုံးသူမှာ BGB မှ ၎င်းတို့၏တပ်ဖွဲ့ဝင် ဟု ပြောဆို ကာ တောင်းဆိုမှုကြောင့် မြန်မာနယ်စပ် လုံခြုံရေးတပ် မှ နှစ်နိုင်ငံနယ်စပ်လုပ် ထုံးလုပ်နည်းနှင့် အညီ ယနေ့ ညနေ (၄)နာရီကျော်ခန့်တွင် ပြန် လည် လွှဲ ပြောင်းပေး ရန်သွားရောက်စဉ် နယ် စပ်အနီး အမည်မသိ လက်နက်ကိုင် အ ဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ် ခတ်မှုကြောင့် မြန်မာ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် BGB တပ်ဖွဲ့ဝင်များအကြား ပစ် ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ထို့နောက် အလောင်းလွှဲပြောင်း ပေးရန်သွားရောက်စဉ် ဘင်္ဂလားဒေ့ရှ် ဘက်ကမ်းမှ စစ်ရေးပြင်ဆင်မှုများ ကို ပြုလုပ်နေသည် ကို တွေ့ရှိခဲ့ကြောင်း၊ နယ်ခြားစောင့်တပ်(BGB) တပ်ရင်း သို့ တင့်ကားခြောက်စီး၊ တာပေါ်လင် အလုံပိတ်ထားသော ဆယ်ဘီး ကား သုံးစီး၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်အင်အား ၅၀ဝကျော်မှာ ဘင်္ဂလားဒေ့ရှ်ဘက် ကမ်းနယ်စပ်သို့ ရောက်ရှိနေကြောင်း သိရသည်။

မေ၂၈ရက်က မြန်မာနယ်စပ် ဘ့က်သို့ ဖြတ်ကျော်ဝင်ရောက်လာ သည့် RSO အဝါရောင်ပြောက်ကျား ဝတ် သောင်းကျန်း သူလက်နက်ကိုင် တစ်ဦး သေဆုံး ခဲ့မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံမှကန့်ကွက်စာများကို အပြန် အလှန်ပေးပို့ခဲ့ ပြီး သေဆုံးခြင်းဖြစ်စဉ် နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ဦးမှာ လည်း ပျောက်ဆုံး နေကြောင်း၊ သေဆုံးသူမှာ BGB တပ် ဖွဲ့ဝင်ဖြစ် နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက် ရှင်လျှက်ရှိပါ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်းပေး ရန် တောင်းဆို ထားကြောင်း ဖော်ပြထား သည်။

ယနေ့ အလောင်းလွှဲပြောင်းပေး ရန်သွားရောက်စဉ် ပစ်ခတ်မှုများဖြစ် ပွားခဲ့သော် လည်း လွှဲပြောင်းပေးမည့် အလောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်မှ လက်ခံရရှိသွားပြီဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများ တွင်ဖော်ပြထားချက်အရ သိရသည်။

NT

[--Democracy today Daily Newspaper--]
#Democracytoday
Yangon Media Group