ညအိမ်ရာဝင်နောက်ကျကြသူများ ခန္ဓာကိုယ် အလေးချိန် တိုးလာနိုင်သည်ဟုဆို

ပို့စ်တင်ချိန် - 11/20/2013 02:13:00 PM


အိပ်ရာဝင်နောက်ကျသူ၊ အိပ်ရေး ဝဝမအိပ်ရသူတို့သည် စောစောအိပ်ရာ ဝင်သူ၊ ပုံမှန်အိပ်ချိန်တွင် နှစ်နှစ်ခြိုက် ခြိုက်အိပ်စက်သူများထက် ခန္ဓာကိုယ် အလေးချိန် ပိုတိုးလျက်ရှိကြောင်း လေ့လာမှုတစ်ရပ်က ဆိုထားသည်။

ညစာကို နောက်ကျမှ စားခြင်းသည်လည်း ကိုယ်အလေးချိန်တက်စေကြောင်း ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ သုတေသီများကဆိုကြသည်။ အိပ်စက်ရမည့် အချိန်အတွင်း အစားပိုစားခြင်းသည် ကိုယ်အလေး ချိန်တိုးစေသည့် အဓိကအကြောင်း အရင်းတစ်ရပ်ဖြစ်သည်ဟု ဆိုထားသည်။

လေ့လာသူ သုတေသီအဖွဲ့သည် ကျန်းမာရေးကောင်းမွန်သည့် အနေအထားရှိသူများအား နောက်ကျအိပ် ရာဝင်ခြင်းနှင့် ကိုယ်အလေးချိန်တိုး လာခြင်းတို့အကြား စနစ်တကျ သုတေသနပြု ဖော်ထုတ်ခဲ့ခြင်းဖြစ် သည်။ သုတေသီတို့သည် အသက် ၂၂ နှစ် အရွယ်နှင့် အသက် ၅ဝ အကြားရှိ ကျန်းမာရေးကောင်းမွန်ပြီး ပုံမှန်ကိုယ်အလေးချိန်ရှိသူဦးရေ ၂၂၅ ဦးတို့အား လေ့လာသုတေသနပြုခဲ့ကြ သည်။

၎င်း ၂၂၅ ဦးတို့အား ညစဉ် နံနက် ၄ နာရီမှ ၈ နာရီအထိ အိပ်စက် သူအုပ်စုနှင့် ည ၁ဝ နာရီမှ နံနက် ၈ နာရီအထိ အိပ်စက်သူအုပ်စု နှစ်စုထား လေ့လာခဲ့ရာမှ အိပ်ချိန်နောက်ကျ၍ အစားပိုစားသူများသည် သာမန်အိပ်ချိန်တွင် အိပ်စက်သူများ နှင့်နှိုင်းယှဉ်ပါက ကယ်လိုရီပိုတိုးလျက် ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် အိပ်ချိန်နောက်ကျပြီး အစာစားပါက အခြားအချိန်များတွင် စားခြင်းထက် ကိုယ်အလေးချိန်ပိုတိုးရ သည်ဟု ၄င်းသုတေသီတို့က ဆိုထား ခြင်းဖြစ်သည်။

''အရင်ကလည်း အိပ်ချိန်တို တောင်းတာနဲ့ ကိုယ်အလေးချိန်တိုး တာတွေရဲ့ဆက်စပ်မှုကို ဆွေးနွေးမှု တွေ လုပ်ထားဖူးပါတယ်။ အခုတစ်ခါတော့ သေသေချာချာနဲ့ ဓာတ်ခွဲခန်း လေ့လာမှုပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်''ဟု သုတေသနအဖွဲ့ခေါင်းဆောင် ဗင်ဆယ်လ်ဗေးနီးယားတက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာအင်ဒရေး ယားစပက်က ဆိုသည်။

(နေခြည်)
ဆေးပညာဆိုင်ရာဆောင်းပါးများ