ဦးနှောက်ကို ထိခိုက်စေသော အမှုအကျင့်များ

ပို့စ်တင်ချိန် - 11/20/2013 10:05:00 AM


20.11.2013

(၁) နံနက်စာ မစားခြင်း

နံနက်စာကို အချိန်မှန်အောင် မစားခြင်းဟာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ နံနက်စာကို မစားခြင်းဟာ ခန္ဓာကိုယ်ကို အားနည်းစေတဲ့အပြင် ခေါင်းကို မှုးဝေစေပါတယ်။

(၂) အလွန်အကျွံ့စားခြင်း

အစားအသောက်များကို ပုံမှန်ထက် အလွန်အကျွံစားခြင်းဟာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်များ အလွန်အကျွံသောက်ခြင်းဟာ ဦးနှောက်ကို ထိခိုက်စေတဲ့အပြင် အခြားသော ရောဂါများကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၄) ညစ်ညမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း

ညစ်ညမ်းပတ်ဝန်းကျင် ဆိုသည်မှာ လေကောင်းလေသန့် ကောင်းစွာမရသော ဒေသ၊ စိတ်ကို ညစ်ထွေးစေသော ဒေသများမှာ နေထိုင် စားသောက်ခြင်းဟာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

(၅) အချိုများ အလွန်အကျွံစားခြင်း

သကြားဓာတ်ပါသော အစားအစာများကို အလွန်အကျွံစားသောက်ခြင်း ဟာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

(၆) အိပ်ရေးဝအောင် မအိပ်စက်ရခြင်း

အိပ်ရေးမဝအောင် မအိပ်ခြင်းကြောင့် ဦးနှောက်ဟာ အနားယူချိန် လျော့နည်းစေပါတယ်။ ဒါကြောင့် အိပ်ရေးမဝခြင်းဟာ သီးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ (၇) အိပ်နေစဉ် မျက်နှာအား ဖုံးအိပ်ခြင်း အိပ်နေစဉ် မျက်နှာကို အဝတ်၊ ခေါင်းအုံး စသည့်တို့ဖြင့် ဖုံး၍ အိပ်ခြင်းဟာ အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့စေသောကြောင့် ဦးနှောက်ကို ထိခိုက် စေနိုင်ပါတယ်။

(၈) စိတ်ရှုပ်ထွေးနေချိန်တွင် အလုပ်လုပ်ခြင်း

စိတ်ရှုပ်ထွေးနေချိန်မှာ ဦးနှောက်မှာ ပုံမှန်ထက် ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးနေချိန်မှာ အလုပ်လုပ်ခြင်းဟာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

(၉) စဉ်းစားတွေးတောမှု နည်းခြင်း

ဦးနှောက်ဟာ စဉ်းစားတွေးတောမှု များလေလေ အတွေးအခေါ် မြင့်မား လေလေဖြစ်ပါတယ်။ ဒါကြောင့် စဉ်းစားတွေးတောမှု နည်းသူတွေဟာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

(၁၀) စကားပြောနည်းခြင်း
ဦးနှောက်မှာ သိမ်းဆည်းထာသော အသိဥာဏ်တွေဟာ စကားပြောဆို ရာတွင် ထွက်ပေါ်လာပါတယ်။ ဒါကြောင့် စကားပြောနည်းခြင်းဟာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။


ဟိုးဟိုးကျော်