Miss Grand International အဖြစ် Puerto Rico အလှမယ် Janelee Chaparro ကို ရွေးချယ်...

ပို့စ်တင်ချိန် - 11/20/2013 12:56:00 PM


Miss Grand International အဖြစ် Puerto Rico အလှမယ် Janelee Chaparro ကို ဘန်ကောက်တွင် ရွေးချယ်ခဲ့သည်။ သူမသည် ဆုကြေးအဖြစ် ဒေါ်လာ သုံးသောင်းရရှိသွားသည်။ Dominicam Rebublic မှ Chantel Martinez ဒုတိယဆုကြေးအဖြစ် ဒေါ်လာတစ်သောင်း Slovak Rebublic မှ Denisa Paseciakova က ဒုတိယအဖြစ် ဒေါ်လာ ငါးထောင်၊ Philippine မှ Ali Forbes က တတိယဆုကြေး ဒေါ်လာ နှစ်ထောင့်ငါးရာနှင့် Australia မှ Kelly Lourse က စတုတ္ထဆုအဖြစ် ဒေါ်လာတစ်ထောင့်ငါးရာ အသီးသီးရရှိသွားကြသည်။
Miss Grand International Janelee Chaparro သည် ဘန်ကောက်မြို့လယ် အထပ်မြင့်တာဝါတွင်နေထိုင်၍ ကမ္ဘာတစ်ဝှန်းစစ်ပွဲများရပ်ဆိုင်းရေးကို လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်နှင့်ပတ်သက်၍ ပြိုင်ပွဲတွင် သူကအောက်ပါအတိုင်း သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။ “နေ့တိုင်းကျွန်မတို့ စစ်ဖြစ်နေကြတယ်၊ စစ်ဆိုတာ တကယ်တော့ ကြီးမားလှတဲ့ အကြမ်းဖက်မှုကြီးတစ်ခုပါ၊ ဒါပေမယ့် တစ်ခြားအကြမ်းဖက်မှုတွေလည်း ရှိပါသေးတယ်၊ ဒါတွေကတော့ မိသားစုအတွင်းအနိုင်ကျင့်မှု၊ ကလေးသူငယ်များကို အနိုင်ကျင့်မှုနှင့် စွန့်ပစ်မှု၊ အသက်အရွယ်ကြီးသူများကို အနိုင်ကျင့်မှု၊ ပြီးတော့ လူမှုရေးအကြမ်းဖက်တာ အစရှိတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ကျား/မ၊ ဘာသာရေး၊ အသက်အရွယ်၊ စွမ်းရည်တို့ပေါ်မူတည်ပြီး လူသားအချင်းချင်းအပေါ် တစ်ဖက်စောင်းနင်းပြုမူတာတွေဟာလည်း ကျွန်မတို့နေ့စဉ်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေပါပဲ။ တစ်နည်းအားဖြင့်တော့ စစ်ပွဲငယ်လေးတွေပေါ့”
Myanmaalinn