သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 11/20/2013 05:44:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၀

၂၀.၁၁.၂၀၁၃ရက်နေ့ ၁၅၂၆အချိန် သာကေတမြို့နယ်၊ စက်မှုလက်မှု
ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းရှိ YD အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးသတ်ယာဉ် (၅)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၁၅၃၂အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဂိုဒေါင်မှူးသန့်ဇင်ဝင်း(ဘ)ဦးကျင်ထွေး၊
မြန်မာ့ဂုဏ်ရည်လမ်း၊ စက်မှုလက်မှုရပ်ကွက်၊သာကေတမြို့နယ်နေသူအား စစ်ဆေးရာတွင် အရက်ချက်စက်ရုံဂိုဒေါင်အတွင်း၌ ဂဟေဆော်စဉ် အရက်အဆီများထားရှိသည့်နေရာပေါ်သို့ မီးပွားများကျ၍ မီးလောင်
ခဲ့သဖြင့် တစ်ပီပါလျင်အရက်ဆီဂါလံ (၅၀)ခန့်ပါ ပီပါ(၅)လုံး မီးလောင်ပျက်စီးခဲ့ကာတန်ဘိုးငွေကျပ် (၄၀၀၀၀)ခန့် ဆုံးရှုံးခဲ့၍
ဂိုဒေါင်မှူး သန့်ဇင်ဝင်းအား သာကေတနယ်မြေရဲစခန်း(ပ)၈၂၃/၂၀၁၃၊
ပုဒ်မ ၂၈၅ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police