သူငယ်ချင်းများနှင့် တွေ့ဆုံမှုက အမျိုးသားများ၏ ကျန်းမာရေးကို သိသာစွာ အထောက်အကူပြု

ပို့စ်တင်ချိန် - 11/20/2013 05:52:00 PM


No. 92
လေ့လာမှု အသစ်တစ်ခုအရ တစ်ပတ်လျှင် နှစ်ကြိမ်အနည်းဆုံး ရင်းနှီးတဲ့သူငယ်ချင်းအချို့နဲ့ တွေ့ဆုံလေ့ရှိတဲ့ အမျိုးသားတွေမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများသိသာစွာ ကောင်းမွန်စေကြောင်း သိရသည်။ Oxford University  မှ Professor Robin Dunbar  ၏ လေ့လာမှုအရ ပုံမှန်အမျိုးသားတစ်ဦးသည် ၎င်းတို့၏ အားလပ်ချိန်များမှ တစ်ဝက်ခန့်အား သူငယ်ချင်းများနှင့်တွေ့ဆုံလေ့ရှိကြောင်း သိရသည်။ အမျိုးသား (၅)ယောက်လျှင် (၂)နှစ်ယောက်ခန့်မှာ သူငယ်ချင်းများနှင့် တစ်ပတ်လျှင် တစ်ကြိမ်တွေ့လေ့ရှိပြီး၊ ကျန်(၃)ဦးမှာတွေ့ဆုံဖြစ်ရန် ကြိုးစားကြောင်းတွေ့ရသည်။ ယင်းကဲ့သို့ သူငယ်ချင်း (၃) (၄)ဦးခန့် တွေ့ဆုံ၍ ဘောလုံးကစားခြင်းကဲ့သို့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းအားဖြင့် ပိုမိုကျန်းမာ လာစေပြီး၊ နာလန်ထစဆိုလျှင်လည်း မြန်မြန်နာလန်ထကာ၊ ၎င်းင်းတို့၏ ရက်ရောမှုကိုလည်း ပိုမိုမြင့်တက်လာစေသည်ဟု ဆိုသည်။ အကြောင်းမှာ ယခုကဲ့သို့ သူငယ်ချင်းများတွေ့ဆုံစဉ် စိတ်ကျေနပ်မှုပိုမိုရစေသည့် Endorphins  ဆိုသည့် ဟော်မုန်းပိုထွက်သောကြောင့် ဖြစ်သည်။ အမျိုးသားကျန်းမာရေး စောင့်ကြည့်သည့် အဖွဲ့တစ်ခုမှလေ့လာချက်အရ အမျိုးသားများမှာ စီးပွားရေးပြဿနာများနှင့် အခြားပြဿနာများကြောင့် စိတ်ဓာတ်ကျမှုနှင့် မိမိကိုယ်ကို သတ်သေမှုပိုဖြစ်နိုင်သည်ဟု သိရသည်။
ဖိုးသောကြာ
Ref: Netdoctor.co.Uk
Health Updates Journal