အဲ့လိုစိတ်ပူတာ ...

ပို့စ်တင်ချိန် - 11/20/2013 11:50:00 AM


၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် ဒေါ်အေး ထိုင်နေသည်။

ထိုအချိန်တွင် လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။

"ဒေါ်အုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ် ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။!"
...
ဒေါ်အေး အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင် ချယ် ရီ ဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။

၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ အပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။

မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် ဒေါ်အုန်းကြိုင်မဟုတ်ကြောင်း သတိရသည်။

Credit @ Aung Myo Myint