ဟိုက်ဒရိုဂျင်လောင်စာတောင့်ဟာ တစ်ကြိမ် အားဖြည့်သွင်းထားရင် မိုင်သုံးရာ မောင်းနှင်နိုင်ပြီး အားပြန်ဖြည့်သွင်းဖို. မိနစ်ပိုင်းသာ ကြာမြင့်ပါလိမ့်မယ်

ပို့စ်တင်ချိန် - 11/21/2013 09:23:00 AM


ကမ္ဘာကျော် တိုယိုတာ ကား ကုမ္မဏီဟာ ဟိုက်ဒရိုဂျင် လောင်စာတောင့်သုံး လူစီးကားတွေကို ၂၀၁၅ ခုနှစ်က စပြီး စီးပွားဖြစ် ထုတ်လုပ် ရောင်းချဖို. ပြင်ဆင်နေတယ်လို. ကြေငြာလိုက်ပါတယ်။

လောလောဆယ်မှာ FCV အမည်ပေးထားတဲ့ ဒီကားကို နိုဝင်ဘာ ၂၀ ရက်က တိုကျိုမြို.မှာ စတင်ဖွင့်လှစ်တဲ့ Toyata ကားပြပွဲမှာ ထည့်သွင်းပြသအပြီး ခုလို ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒီဟိုက်ဒရိုဂျင်လောင်စာတောင့်ဟာ တစ်ကြိမ် အားဖြည့်သွင်းထားရင် မိုင်သုံးရာ မောင်းနှင်နိုင်ပြီး အားပြန်ဖြည့်သွင်းဖို. မိနစ်ပိုင်းသာ ကြာမြင့်ပါလိမ့်မယ်။ ဒါ့အပြင် အပူနဲ. ရေကလွဲပြီး ဘာမှ ပြန်မစွန်.ထုတ်တဲ့အတွက် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှာ မဟုတ်ပါဘူး။

နစ်ဆန်းကုမ္မဏီက အမှုဆောင် အရာရှိချုပ် Carlos Ghosn ကတော့ "ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို. ဘယ်လို အလုပ်ဖြစ်အောင် လုပ်ကြမလဲ တွေးလို.တောင် မရဘူး" လို. ပြောပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာတောင် အားဖြည့်ဖို. နေရာတွေ ဘယ်လောက် ဆောက်နိုင်မှာလဲဆိုတဲ့ ကိစ္စကို အခြေခံပြီး သူက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီပြိုင်ဆိုင်မှုမှာ ဟွန်ဒါနဲ. ဟိုင်ယွန်ဒိုင်း ကုမ္မဏီတို.လဲ ပါဝင်နေပြီး သူတို.ရဲ. အလားတူကားတွေ ဈေးကွက်တင်မယ့် စိတ်ကူးကို ထုတ်ဖော်ပြောကြာထားကြပါတယ်။

ဒီကားကို ထုတ်လုပ်ပြသခဲ့တဲ့ တိုယိုတာ ကားကုမ္မဏီက ကားဈေးနှုန်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဘူးလို. သိရပါတယ်။
BBC Burmese