ကျောင်း​သား​တပ်​မ​တော်​နဲ့ ​ဦး​အောင်​မင်း ​ခေါင်း​ဆောင်​တဲ့​အ​ဖွဲ့ ​နေ​ပြည်​တော်​တွင် ​တွေ့​ဆုံ (​မေး​မြန်း​ခန်း​)

ပို့စ်တင်ချိန် - 11/21/2013 09:57:00 AM


မြန်​မာ​နိုင်​ငံ​လုံး​ဆိုင်​ရာ ​ကျောင်း​သား​များ ​ဒီ​မို​က​ရက်​တစ် ​တပ်​ဦး (ABSDF)​က ​ရဲ​ဘော်​သံ​ခဲ ​ဦး​ဆောင်​တဲ့ ​ကိုယ်​စား​လှယ်​အ​ဖွဲ့​ဟာ ​ပြည်​ထောင်​စု ၀န်​ကြီး ​ဦး​အောင်​မင်း ​ဦး​ဆောင်​တဲ့ ​အ​ဖွဲ့​နဲ့ ​နိုဝင်​ဘာ ၂၀ ​ရက်​နေ့​က ​နေ​ပြည်​တော်​မှာ ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။

ပြည်​ထောင်​စု ​အ​ဆင့် ​ဒု​တိ​ယ​အ​ကြိမ် ​ဆွေး​နွေး​ပွဲ​ကို ​နိုဝင်​ဘာ​လ​မှာ ​မ​ဖြစ်​နိုင် ​တော့​တဲ့ ​အ​တွက် ​ဖြစ်​နိုင်​မယ့် ​ရက်​ကို ​ဆွေး​နွေး​ညိ​နှိုင်း ​သတ်​မှတ်​ခဲ့​သ​လို ​ပြည်​ထောင်​စု​အ​ဆင့် ​ညိ​နှိုင်း ​မ​ဆွေး​နွေး​ခင် ​မှာ​လည်း ​အ​စိုး​ရ​နဲ့ ​အေ​ဘီ​အက်စ်​ဒီ​အက်ဖ် ​အ​ကြား ​ဆွေး​နွေး​ရ​မယ့် ​ကိ​စ္စ​ရပ်​တွေ ​ကို​လည်း ​ဆွေး​နွေး​ခဲ့​ကြ​တယ်​လို့ ​အေ​ဘီ​အက်စ်​ဒီ​အက်​က ​ဗ​ဟို ​ဦး​ဆောင်​ကော်​မ​တီဝင် ​လည်း​ဖြစ် ​ဆွေး​နွေး​ညိ​နှိုင်း​ရေး ​အ​ဖွဲ့ ​အ​ဖွဲ့​၀င်​လည်း ​ဖြစ်​တဲ့ ​ရဲ​ဘော် ​ကျော်​ကို​က ​ပြော​ပါ​တယ်။

ဆွေး​နွေး​ရာ​မှာ ​ပါဝင်​တဲ့ ​ရဲ​ဘော်​ကျော်​ကို ​ကို ​ဒီ​ဗွီ​ဘီ​က ​ဆက်​သွယ် ​မေး​မြန်း​ထား​ပါ​တယ်။

By ​DVB

အ​ပြည့်​အ​စုံ ​နား​ဆင်​နိုင်​ရန်