လူငယ်များရန်ဖြစ်ရာမှာ ဌာနပိုင်ရုံးခန်းမှန်များပျက်စီး

ပို့စ်တင်ချိန် - 11/21/2013 04:52:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၀

လူငယ်များစကားများရန်ဖြစ်ရာမှ မြန်မာ့လေဆိပ်ကမ်း
အာဏာပိုင် မြေနှင့် ဆိပ်ကမ်း(အရှေ့ပိုင်း)ရုံးရှီ အလူမီနီယံ
ဘောင်ကွပ် မှန်တံခါး ၂ ချပ် ပျက်ဆီးသွားကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ရုံးရှေ့လမ်းမပေါ်၌ နိုဝင်ဘာလ ၁၈ ရက်နေ့ ည
၁၂နာရီ မိနစ် ၃၀ တွင် ယာဉ်မောင်းဝင်းမြင့် နိုင်မောင်းနှင်
လာသော အငှားယာဉ်သည် လမ်းပေါ်၌ ဘောလုံးကန်နေ
သူများ အန္တရာယ်ဖြစ်အောင် အကြိမ်ကြိမ်ကွေ့ပတ်မောင်း
နှင်ခဲ့ကြောင်း တိုင်းရုံးကထုတ်ပြန်ထားသည်။

၎င်းယာဉ်မောင်းပါ ၂ဦးနှင့် ဘောလုံးကန်နေသည့်
ဇင်သူဟိန်း စကားများကြရာမှ ဇင်သူဟိန်းနှင့် အဖွဲ့မှ
ခဲဖြင့်ပစ်ပေါက်၍ ၀င်းမြင့်နိုင်ပါ ၂ဦး သည် ဦးတင်လှထွန်း (ကုန်စည်ကြီးကြပ်ရေးမှူး တတိယအဆင့်)၏ ရုံးအတွင်းသို့ ၀င်ပြေးခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများက တားမြစ်ခဲ့
သော်လည်း ဇင်သူဟိန်းနှင့်အဖွဲ့မှ အုတ်ခဲ၊ ကျောက်ခဲတို့ဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် မှန်များပျက်စီးခဲ့ကြောင်း ၎င်းရုံးမှ
သိရသည်။

ယင်းကဲ့သို့ပျက်စီးသွားသည့်အတွက် ဆိပ်ကမ်း မမစ
(ပ)၃၁၃/၁၃၊ ပုဒ်မ-ပပက၆(၁)ဖြင့် ဇင်သူဟိန်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး၊ ကျန်တရားခံများ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရေးသားသူ - ဝေဖြိုး
တည်းဖြတ်သူ-နီတိုး
People power