လမ်းကားတင်ဆောင်လာသည့် မော်တော်ယာဉ် (၁၀)ဘီးကားတံတားပေါ် ဖြတ်သန်းစဉ် တံတားကျိုးကျ

ပို့စ်တင်ချိန် - 11/21/2013 09:46:00 AM


20.11.2013
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်အုပ်စု
၊ စီပိန်းကျေးရွာအနီးရှိ နန့်ဒရန့် တံတားပေါ်သို အထူးအဖွဲ့ (၁) ဆောက်လုပ်ရေး (၁၀)ဘီးကား ပေါ်ယာဉ်တစ်စီးတင်ဆောင်ပြီး
ဖြတ်သန်းစဉ် နိုဝင်ဘာ (၁၉)ရက် နေ့ည (၁၁း၃၀)အချိန်ခန့်တွင် တံတားကျိုးကျ ခဲ့သည်ဖြစ်စဉ်မှာ အထူးအဖွဲ့ (၁)မှ ယာဉ်တစ်စီး တင်ဆောင်ထားသော ဆောက်လုပ်ရေး (၁၀)ဘီးကားနံပါတ် ၆ခ/၈၄၉၃ ယာဉ်မောင်း ဦးမင်းနိုင် အဆင့်(၅) မောင်းနင်လာသည့် ယာဉ်သည်
ပေ ၂၄၀ အရှည် တံတားအမှတ် ၂/၂၆၀ နန့်ဒရန်ချောင်း တံတာပေါ်တွင် ကျိုးကျရာသံဘောင် တံတားပါ တိုင်စဉ် အခင်းပြား (၄၀)ပေခန့် ပျက်စီး ခဲ့သည်။တံတားဖြတ်ကူးမရတော့သဖြင့် ခရီးသွားယာဉ်များ ဖြတ်သန်း သွားလာနေသော ဒေသခံ အခက်အခဲကြုံတွေ့နေရသဖြင့် လမ်းနှင့် တံတားများကို ကောင်းမွန်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ခရီးသည်များ ၏ပြောဆိုနေကြောင်း သိရပါသည်။

ကိုတိုး ချင်းတွင်း