ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 11/21/2013 10:50:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၂၁

၂၀.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ စက်မှု(၁)လမ်းရှိ AURORA BUSSINESS TOWER ဆောက်လုပ်ရေး
လုပ်ငန်းခွင်ရှေ့တွင် ကွန်ကရစ်လောင်းနေသော ပန်းရံလုပ်သားဖြစ်သူ
မောင်ဇော် (ဘ)ဦးနီ၊ မန္တလေးလမ်း၊ ကုလားကြီးစုကျေးရွာ၊ လှိုင်သာယာ
မြို့နယ်နေသူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကွန်ကရစ်လောင်းနေစဉ် မြေပြင်သို့ချကာသွယ်တန်းထားသော လျပ်စစ်ဝါယာကြိုးအား ခြေဖြင့်နင်းမိစဉ် ဓါတ်လိုက်၍
လဲကျသွားပြီး ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာနှင့်အဖွဲ့မှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် ဗဟန်းမြို့မ ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၇/၂၀၁၃)ဖြင့် ရေးဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police