Call's Idioms

ပို့စ်တင်ချိန် - 11/21/2013 09:20:00 AM


1. call = ခေါ်သည် ၊အော်ခေါ်သည်။

2. call at = ခေတ္တရပ်နားသည် ၊ အလည်သွားသည်။

3. call away = ဆင့်ခေါ်သည် ၊ ပင့်ဖိတ်သည်။

4. call back = ပြန်လည်ဆက်သွယ်သည်။

5. call down = ဆူပူကြိမ်းမောင်းသည် ၊ အပြစ်တင်သည်။

6. call for = လိုအပ်သည် ၊တောင်းဆိုသည်။

7. call in = အကြံတောင်းသည် ၊ ဆင့်ခေါ်သည်။

8. call off = ဖျက်သိမ်းသည် ။

9. call on = အလည်သွားသည်။

10. call out for = အကူအညီတောင်းသည်။

11. call the names = ဆဲဆိုသည်။

12. call a taxi = တက္ကစီငှားသည်။

13. call up = ဖုန်းဆက်သည်။

14. They call me Nay Toe.
သူတို့ ကျွန်တော့်ကို နေတိုးလို့ ခေါ်ကြတယ်ဗျာ....။

15. He called my name.
သူ ကျွန်တော့်နာမည်ကို လှမ်းခေါ်လိုက်တယ်။

16. This train calls at every station.
ဒီရထားက ဘူတာတိုင်းမှာ ရပ်တယ်။

17. I will call at her house.
ငါ သူမအိမ်ကို အလည်သွားမယ်...။

18.The doctor was called away from his clinic.
ဆရာဝန်ကို သူ့ဆေးခန်းက ပင့်ခေါ်လာခဲ့တယ်။

19. I will call you back if I get something news.
သတင်းထူးရင် မင်းကို ငါပြန်ဆက်သွယ်မယ်...။

20. You will be called down if you are late for school.
မင်း ကျောင်းနောက်ကျရင် အဆူခံရလိမ့်မယ်။

21. We shall have to call off the game because of bad weather.
ရာသီဥတုဆိုးလို့ ဒီနေ့ ကစားပွဲကို ဖျက်သိမ်းရလိမ့်မယ်။

22. Please be ready when I call for you tomorrow.
မနက်ဖြန် ငါလာခေါ်ရင် မင်း အဆင်သင့်လုပ်ထားပါ။

23. Your father is seriously ill. You must call in a doctor at once.
မင်းအဖေအရမ်းဖျားနေတယ်၊ ဆရာဝန်ကိုချက်ချင်းခေါ်မှ ဖြစ်မယ်။

24. I thought of calling on you yesterday.
မနေ့က မင်းဆီကို လာလည်ဖို့ စဉ်းစားခဲ့သေးတယ်။

25. A little girl is calling out for help.
မိန်းကလေးတစ်ယောက် အကူအညီလှမ်းတောင်းနေတယ်။

26. They are calling the names in the street.
သူတို့ လမ်းထဲမှာ ဆဲဆိုနေကြတယ်။

27. Please call me a taxi.
ငါ့ကို တက္ကစီတစ်စီးလောက် ခေါ်ပေးပါ။

28. Please call me up when you are in need of help.
မင်း အကူအညီလိုရင် ငါ့ဆီကို ဖုန်းဆက်လိုက်ပါ။

"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......."

Zaw Myint
မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ
Date : 20.11.2013