27th SEA GAME အားဂုဏ်ပြုခြင်း။ ကိုယ်တိုင်ရေးပုံတူ။(Self Portrait)

ပို့စ်တင်ချိန် - 12/22/2013 11:18:00 AM


22-12-2013
08:45 am

27th SEA GAME မှာ ပေါ်ပြူလာအဖြစ်ဆုံးကတော့ ဘယ်သူဖြစ်ရမလည်း "ဇီးကွက်ရုပ်" ပေါ့ဗျာ။ ဇီးကွက်ရုပ်လေးတွေကိုယ်စီနဲ့ ပျော်နေလိုက်ကြတာ။

ဇီးကွက်ဆိုလို့ သတိရမိပြန်တယ်ဗျ။
လူတွေမှာ အရွယ်လေးပါးရှိသတဲ့ဗျ။
ပထမအရွယ်က စာကလေးနဲ့တူတယ်တဲ့။ စိတ်မြန်ကိုယ်မြန် ခြေမြန်လက်သွက် တွေ့လိုက်တာနဲ့ ဇတ်ဇတ်နဲ့ ပွဲပြီးပြီ.. တဲ့ဗျ။

ဒုတိယအရွယ်ကတော့ ကြက်တူရွေးနဲ့ တူတယ်တဲ့။ အာတွေပွားတဲ့ အရွယ်တဲ့။ လုပ်သလောက်လည်း ပြောတာက များများဖြစ်လာပြီ တဲ့ဗျ။

အဲ...တတိယအရွယ်ကတော့ မျောက်နဲ့တူတယ်တဲ့။ ဘယ် ခြေအငြိမ်မနေနိုင် လက်အငြိမ်မနေနိုင်၊ တယ်လက်ဆော့ဆိုပဲ။ တွေ့ဘူးကြတယ် မဟုတ်လား။ မျောက်ကြီးတွေလေ။

ဟဲ..ဟဲ..စတုတ္ထအရွယ်ကြတော့ ဇီးကွက်ကြီးနဲ့ တူသတဲ့ဗျ။ ဘာမှလည်းမပြောတော့ဘူးတဲ့..၊ မျက်လုံးကြီး ပြူးတဲ့ပြီး သူများ စားတာသောက်တာတွေကိုဘဲ ဘေးကငေးကြည့်နေပြီး မနာလိုဖြစ်နေတော့ သတဲ့ဗျ။

အင်း...ကိုယ့်ကိုယ်ကို ချင့်ချိန်လောက်တော့ မျောက်လောက်တော့ ရှိဦးမယ်လို့ ထင်ထားတာ..အခုဆေးရုံတက်ရ၊ Heart Attack ခံရဆိုတော့ (၂၇)ကြိမ်မြောက် SEA GAME တွေထဲက မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ရိုးရာလှေလှော်အသင်းတွေ ကိုဘဲ ဂုဏ်ပြုလိုက် ပါတော့မယ်။

ကျွန်တော် "ဇီးကွက်" ဖြစ်ပါပြီခင်ဗျာ။

မောင်ထွန်းလွင် (မိုးလေ၀သ)