တိုင်းရင်းသားအဖွဲ့ များကို ကားပါမစ်လုပ်ပေးခဲ့ခြင်းမဟုတ် ကားလိုင်စင်ပေးခဲ့ခြင်းသာဖြစ် ဟု ပြည်ထောင်စုဝန်ကြီး ဥိးအောင်မင်းပြော

ပို့စ်တင်ချိန် - 12/22/2013 11:29:00 AM


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအား နိုင်ငံတော်သမ္မတမှ ကားပါမစ် ပေးခဲ့သည် ဆိုသည်မှာ မှန်ကန်ခြင်းမရှိဘဲ တ၇ားမ၀င်စီးနင်းနေသည့် ကားများအား တရားဝင်ဖြစ်စေရန် ကားလိုင်စင် ပြုလုပ်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း
ဒီဇင်ဘာ ၂၁ ရက်နေ့ တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက မီဒီယာများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့သည်။

" ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဥပဒေပြင်ပရောက်နေသူတွေကို ဥပဒေဘောင်အတွင်းရောက်အောင်လုပ်ပေးရတာ။ အခုပြောနေတဲ့ ကားပါမစ်ကိစ္စက တရားမ၀င်စီးနင်းနေတဲ့ တိုင်းရင်းသားတွေရဲ့ ကားကိုတရားဝင်ဖြစ်အောင်
လိုင်စင်လုပ်ပေးတာ။ ကားပါမစ်ပေးတာမဟုတ်ဘူး။ ဒီကိစ္စက သမ္မတလဲ လုပ်လို့ မရဘူး၊ ကျွန်တော်လဲလုပ်လို့ မရဘူး။ အစိုးရအဖွဲကိုအတည်ပြုချက်ယူပြီးမှ အစိုးရအဖွဲ့ ကိုယ်စားထုတ်ပေးခဲ့တာ။
ရုံးစာရေးသာသာလုပ်လို့ ရတဲ့ အဆင့်ကို သမ္မတကိုယ်တိုင်ပေးတယ်ဆိုတာ မဟုတ်ပါဘူး" ဟု ပြည်ထောင်စုဝန်ကြိး ဦးအောင်မင်းကပြောသည်။

ထို့ ပြင် လိုင်စင်ပြုလုပ်ပေးထားသည့် ကားများအား ပြန်လည်ရောင်းစားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များရှိကြောင်း အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှာ ယခင်ဆပ်ကြေးများဖြင့်ရ့ပ်တည်သော်လည်း
ယခုအခါ ကားလိုင်စင်များအား ပြန်လည်ရောင်းချ၍ တပ်ဖွဲ့ ဝင်များဧ။် စားနပ်ရိက္ခာကို ဖြေရှင်းနေရကြောင်း ကားလိုင်စင် ပြန်လည်ရောင်းချခြင်းမှာ ကားပိုင်ရှင် ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် သာ သက်ဆိုင်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆက်ပြောသည်။

ပြီးခဲ့သည် ဒီဖင်ဘာ ၁၉ ရက်နေ တွင် ကရင်အမျိုးသားအစည်းအရုံး KNU ဧ။် ဗဟိုအလုပ်အမူဆောင် ဖဒိုမန်းငြိမ်းမောင်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရရှီထားသည့် ကားပါမစ်များမှာ
နိုင်ငံတော်သမ္မတကိုယ်တိုင် လယ်တောအိမ်တွင် တိုင်းရင်းသားများအား စာအိတ်ဖြင့်ထည့်ပေးခဲ့ခြင်းဖြစ်သည် ဟု မီဒီယာများအား တွေ့ ဆုံပြောကြားခြင်းမှာ မဟုတ်မှန်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအား ချထားပေးသည့် ကားအစီးရေ ၁၁၀၀ ရှိပြီး ကညနတွင် လက်ကျန်ချန်ထားသည် စီးရေ ၃၀၀၀မှာ ယခုကဲ့သို့ 
ကိစ္စများထပ်မံပေါ်ပေါက်လာပါက လိုင်စင်ပြုလုပ်ပေးရန် ချန်ရစ်ထားခြင်းဖြစ်သည် ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ပန်မိုးဝါ (Yoyarlay)