အလှူငွေမထည့်၍ အိမ်ရှင်ကိုဆဲဆိုကြိမ်းမောင်းသည့်သံဃာတော် အရေးယူခံရ

ပို့စ်တင်ချိန် - 12/22/2013 05:41:00 PM


နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တွင် အလှူခံမရသဖြင့် သံဃာတော်တစ်ပါးက အိမ်ရှင်ကိုဆဲဆိုကြိမ်မောင်း၍ အရေးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ချောက်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ဦးကောဝိဒ (၆၉) နှစ်သည် ဒီဇင်ဘာ ၁၈ ရက်ကနေ ပြည်တော်ပျဉ်းမနားရှိ ကင်ပွန်းတန်းကျေးရွာအတွင်း လိုက်လံအလှူခံနေစဉ် အလှူခံမထည့်သောအိမ်ရှင်ကို ဆဲဆိုကြိမ်းမောင်းပြောဆိုခဲ့သည်။

ဖြစ်စဉ်ကို ပျဉ်းမနားမြို့နယ်၊ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌကခေါ်ယူစစ်ဆေးရာ ဦးကောဝိဒသည် ၀ိနည်းတော်နှင့် အညီနေထိုင်ခြင်းမရှိဘဲ အလှူခံငွေများလိုက်လံ ခံယူနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသည်ဟုဆိုသည်။ အဆိုပါသံဃာတော်သည် သာသနာ့ဘောင်အတွင်း ၀င်ရောက်လာသည်မှာ မကြာမြင့်သေးဘဲ ခွင့်မပြုထားသော အလှူငွေကောက်ခံမှု၊ ၀ိနည်းတော်နှင့် အညီ နေထိုင်ခြင်းမရှိမှုနှင့် အလှူခံမထည့်သောအိမ်ရှင်အား ဆဲဆိုကြိမ်းဝါးမှုတို့ ကျူးလွန်၍ ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲအရေးမပိုင်မှု အမှတ်စဉ် ၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၂၉၅ (က)(သာသနာညစ်နွမ်းစေမှု) အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ သင်္ကန်းဝတ်ဖြင့် မိမိသဘောအလျောက် လိုက်လံအလှူခံခွင့်အား တားမြစ်ထားသည်ဖြစ်ရာ သင်္ကန်းဝတ်ဖြင့်လိုက်လံ၍ ငွေကြေးများအလှူခံနေသော အလှူခံအဖွဲ့၊ သံဃာတု၊ ကိုရင်အတုများကို လိုက်လံဖမ်းဆီးကာ အရေးယူထားမှုမှာ ၂၀၁၃ ခုနှစ်အတွင်း ၁၀ မှုခန့်ရှိပြီဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

7 Day Daily