ခုနစ်နာရီကြာယာဉ်ပိတ်ဆို့မှုကြီး ရန်ကုန်တွင်ဖြစ်

ပို့စ်တင်ချိန် - 12/22/2013 01:33:00 PM


[ စောမြင့်သန်း(ပေါက်တော) ၊ ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ]

အင်း စိန်လမ်းမကြီးအပါအဝင် လမ်း သွယ်လမ်းကြားများတွင် ကား ကြီး၊ ကားငယ်အသွယ်သွယ်က ပြွတ်သိပ်ပြည့်ကျပ်နေကြသည်။ ပြည်တော်သာမှတ်တိုင်ရှိရာ လမ်းဆုံလမ်းခွတွင် ကုန်တင် ကားများ၊ အိမ်စီးကားများနှင့် ဘတ်စ်ကားများမှ ထွက်ပေါ် လာသည့်ဟွန်းသံများက ပတ် ဝန်းကျင်တစ်ခုလုံးကို ဆူညံ ပွက်လောရိုက်နေသည်။ တချို့ ကားပေါ်မှ ဆင်းသွားကြသည်။ တချို့က ထမင်းချိုင့်များကိုယ်စီ ဖြင့် အိမ်ပြန်သွားကြသည်။ တ ချို့က ဘူတာရုံရှိရာဘက်သို့ ပြေးလွှားသွားနေကြသည်။
''ကျွန်တော် ရွှေပြည်သာ ကနေ ထွက်လာတာ နံနက်၉နာရီခွဲ ကတည်းက။ အခုဆို ၁၂နာရီ ထိုးပြီ။ ဒီလို ကားကျပ်တာမျိုးကို ဒီလမ်းပိုင်းမှာ တစ်ခါမှ မကြုံဖူး ဘူး။ ဒါ ပထမဆုံးကြုံရတာပဲ။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် ခရီးသည်တွေ သောင်းနဲ့ချီပြီး အခက်အခဲတွေဖြစ်သွားနိုင် တယ်။ သက်ဆိုင်ရာတာဝန်ရှိသူ တွေအနေနဲ့ ဒါမျိုးမဖြစ်ဖို့ဆောင် ရွက်ပေးသင့်မှုတွေ လိုနေပြီဖြစ် ပါတယ်''ဟု ရွာမဘူတာတွင် မီးရထားကို အားကိုးတကြီးဖြင့် စောင့်မျှော်နေသော ရွှေပြည် သာ ဇီးကုန်းတွင်နေထိုင်သော ကိုကျော်ဦးက ပြောသည်။

Yangon Media Group