မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ကွင်းလယ်ကစားသမား သန်းသန်းထွေး ကို လက်ဆွဲနှုတ်ဆက်ရန် ပွဲကြည့်စင်ပေါ်က ခုန်ချခဲ့သူ ခြေထောက်ကျိုး

ပို့စ်တင်ချိန် - 12/22/2013 09:35:00 PM


( ၂၇ ) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးေ
ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဒီဇင်ဘာလ ( ၂၀ ) ရက်
ညနေ ( ၄ ) နာရီ အချိန်က ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်း နဲ့ မလေးရှားအသင်း တို့ ပွဲစဉ် ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ သန်းသန်းထွေး ဖြတ်တင်ပေးလိုက်သော ဘောလုံးကို နံပါတ် ( ၂ )
မြင့်မြင့်အေး မှ ပိတ်သွင်းကာ ( ၆ ) ဂိုးမြောက်အနိုင်ဂိုး သွင်းယူပြီးချိန် ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ခုန်ကျခဲ့ကြောင်း သိရပါသည် ။

ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့သူမှာ အသက် ( ၂၄ ) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်
ရပ်ကွက်နေထိုင်သူဖြစ်သည် ။

ပွဲကြည့်စင်ပေါ်မှ ခုန်ချခဲ့သူမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ကွင်းလယ်ကစားသမား သန်းသန်းထွေး ကို လက်ဆွဲနှုတ်ဆက်ရန် ပွဲကြည့်စင်ပေါ်က ခုန်ချခဲ့ခြင်းဖြစ်ပြီး ယခုလိုခုန်ချခဲ့ခြင်းကြောင့် ဘယ်ဘက်ခြေထောက်ရိုး နှစ်ချောင်းကျိုးသွားကာ အရေးပေါ်
လူနာတင်ကားဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှု
ခံယူခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရပါသည် ။

Photo by Khine Lynn Soe written by AyeMon YarPyae
and Good See.