ဒီရာဇ၀တ်မှုတွေကို ခွင့်လွှတ်သူဟာ ပြည်သူကို သစ္စာဖောက်တာဘဲ။

ပို့စ်တင်ချိန် - 12/22/2013 12:02:00 PM


“ကျောင်းသားတပ်မတော်ရဲ့ ရာဇဝတ်မှုတွေကို ခွင့်လွှတ်လိုက်ရင် ပြည်သူကို သစ္စာဖောက်ရာကျမယ်လို့ ပြောတဲ့ ဝန်ကြီး အောင်မင်း ကို ပြောချင်တာက - ပြည်သူကို သတ်ခဲ့တဲ့သူတွေရဲ့  ရာဇ၀တ်မှုတွေကို ခွင့်လွှတ်လိုက်ရင် ပြည်သူကို သစ္စာဖောက်ရာ ကျပါမယ်လို့ ။

ဒီရာဇ၀တ်မှုကျူးလွန်သူတွေထဲမှာ နေ၀င်းနဲ့  နေ၀င်းလက်ထက်က မဆလအစိုးရအဖွဲ့ ဝင်များ၊ စောမောင်နဲ့  စောမောင်လက်ထက်က န၀တအဖွဲ့ ဝင်များ၊ သန်းရွှေနဲ့  သန်းရွှေလက်ထက်က နအဖအဖွဲ့ ဝင်များ၊ သိန်းစိန်နဲ့  လက်ရှိအစိုးရအဖွဲ့ ဝင်များ ပါရှိတာမို့  အောင်မင်းလည်း ပါတယ်ဆိုတာ မမေ့ပါနဲ့ ။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး ကျူးလွန်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေအပေါ် သတ်ဖြတ်မှု၊ အလုပ်သမား လယ်သမားတွေအပေါ် သတ်ဖြတ်ခဲ့မှု၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား သတ်ဖြတ်ခဲ့မှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလအတွင်း ရဟန်းသံဃာများအား သတ်ဖြတ်ခဲ့မှုတို့ တွေ အာဏာရှင်တွေလက်ထက် တိုင်းရင်းသားပြည်သူပြည်သားအပေါင်းအပေါ် ထိုးစစ်ဆင် တိုက်ခိုက် သတ်ဖြတ်ခဲ့မှုတွေအပြင် တိုင်းပြည်နဲ့ လူမျိုး ဆင်းရဲမွဲတေ ချွတ်ခြုံကျအောင် အလွဲသုံးစားလုပ်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးများရဲ့  ကိုယ်ကျိုးရှာမှုတွေ ဒီရာဇ၀တ်မှုတွေနဲ့  ပတ်သတ်ပြီး ခွင့်လွှတ်လိုက်ရင် ပြည်သူကို သစ္စာဖောက်ရာ ကျပါမယ်လို့ ။

by Nik Nayman