KMD Sales Center များ၏ ကွန်ပျူတာ မိုဘိုင်းလ် နှင့် ဆက်စပ်ပစ္စည်းများ အထူးဈေးရောင်းပွဲ ပြုလုပ်မည်

ပို့စ်တင်ချိန် - 12/22/2013 11:26:00 AM


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၃

ကွန်ပျူတာ ၊ မိုဘိုင်းလ် နှင့် ဆက်စပ် ပစ္စည်းများ ကို ၀ယ်ယူ အသုံးပြုနိုင် ရန်အတွက် အထူးလျှော့ဈေး များဖြင့် KMD Sales Center များအားလုံး တွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

KMD Sales Center များ ဖြစ်ကြသည့် ပန်းဆိုးတန်း စင်တာ ၊ မြေနီကုန်း စင်တာ ၊ လမ်းမတော် စင်တာ နှင့် တာမွေ စင်တာတို့တွင် ယမန်နေ့ မှစ၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်အထိ အထူး ဈေးရောင်းပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

အထူး ဈေးရောင်းပွဲ ကာလအတွင်း Tablet အသုံးပြု ချင်သူများ အတွက် Apple iPad mini များကို အထူး လျှော့ဈေးများ နှင့် လက်ဆောင်များ ပေးသွားမည် ဖြစ်သည်။

Lenovo Notebook ၀ယ်ယူသူ များအတွက် Cashback ( 20,000 ) ကျပ်နှင့် ဗလာမပါ ခဲခြစ် ကံစမ်းမဲများ ၊ Dell Notebook ၀ယ်ယူသူ များအတွက် အထူး လက်ဆောင် အစီအစဉ် နှင့် Cashback အစီအစဉ်ျား ၊ Notebook, Desktop ၀ယ်ယူသူများ အတွက် Norton Antivirus License Software ကို လက်ဆောင် ပေးသွားမည် ဖြစ်ပြီး ထူးခြားသော လက်ဆောင် များနှင့် အထူး လျှော့ဈေး အစီအစဉ် များစွာဖြင့် ပြုလုပ် ရောင်းချ သွားမည် ဖြစ်သည်။

အသေစိတ် အစီအစဉ် များ သိရှိလိုပါက KMD Sales Center ဖုးန် ၀၁- ၂၄၅ ၁၈၀ ၊ ၀၁- ၃၈၅ ၀၇၇ ၊ ၀၁- ၅၀၃ ၅၂၂ ၊ ၀၁- ၂၃၀ ၃၀၈၁ နှင့် ၀၁- ၅၄၆ ၆၀၀ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။