လေဖြတ်ခြင်းနှင့် သိမှတ်ဖွယ်ရာများ

ပို့စ်တင်ချိန် - 1/20/2014 08:30:00 PM


No. 101
လေဖြတ်ခြင်း သို့မဟုတ် stroke ဟာ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးစီးဆင်းမှုပိတ်ဆို့ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းကြောင့် ဦးနှောက်လုပ်ငန်းစဉ် ရုတ်တရက်ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ဦးနှောက်က သွေးလွှတ်ကြောပေါက်ခြင်း၊ သွေးခဲပိတ်ဆို့ ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ နှလုံးရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံး အသက်ဆုံးရှုံးစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
၁။ Ischaemic Stroke  – ဒီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခုကိုသွားတဲ့ သွေးစီးဆင်းမှုပျက်စီးပြီး အဲဒီအစိတ်အပိုင်း ရဲ့တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။ သွေးခဲပိတ်ဆို့ရခြင်းဟာ နဂိုထဲကရှိပြီးတဲ့သွေးခဲ thrombus   ကသွေးကြောပိတ်ဆို့ခြင်း၊ သွေးကြောတစ်နေရာမှ ရွေ့လာသော သွေးခဲ embolus  ပိတ်ဆို့ခြင်း၊ shock  တစ်ခုခုကြောင့် သွေးစီးဆင်းမှုနည်းပါးသွားခြင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
၂။ Haemorrhagic Stroke  – ဦးနှောက်က သွေးကြောတစ်ခုခုပေါက်ပြီး ဦးနှောက်နဲ့ ဦးခေါင်းခွံကြားမှာ သွေးထွက်ခြင်း(Subarachroid Haemorrhage) သို့မဟုတ် ဦးနှောက်တွင်းမှာ သွေးထွက်ခြင်း (cerebral haemorrhage)  တွေကြောင့် ဖြစ်ရတာပါ။

သတိပေးလက္ခဏာများ
-     ခြေ၊ လက်၊ မျက်နှာများ အထူးသဖြင့် တစ်ဖက်တည်းတွင် ထုံလာခြင်း၊ အားနည်းလာခြင်း၊
-     မျက်နှာ၊ ဦးခေါင်း ငိုက်ငိုက်ကျလာခြင်း၊
-     နားလည်နိုင်စွမ်း လျော့ကျလာခြင်း၊ တွေဝေခြင်း
-     စကားပြောရာတွင် ခက်ခဲလာခြင်း
-     အမြင်အာရုံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးေ၀၀ါးလာခြင်း
-     ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေလာခြင်း၊
-     ဟန်ချက်ထိန်းနိုင်မှုလျော့ကျခြင်းစတဲ့ ရောဂါလက္ခဏာတွေကို သတိပြု စောင့်ကြည့်ပေးသင့်ပါတယ်
ငြိမ်းအေး
Ref: PTI
Health Updates Journal