Katy Perry ထံကနေ အချစ်ရေးကိစ္စလမ်းညွှန်ချက်ကိုမျှော်လင့်နေတဲ့ Selena Gomez

ပို့စ်တင်ချိန် - 1/20/2014 09:30:00 PM


Selena Gomez ဟာ Katy Perry ထံကနေ အချစ်ရေးကိစ္စတွေနဲ့ပါတ်သတ်ပြီး လမ်းညွှန်ချက်ကိုမျှော်လင့်နေပါတယ်။

သူမရဲ့တစ်နှစ်ကြာလက်တွဲဖေါ် Justin Bieber နဲ့ပြီးခဲ့တဲ့နှစ်က ပြတ်စဲပြီးတဲ့နောက် ဘာကြောင့်လူမြင်ကွင်းမှာ ယောက်က်ျားတွေ သူမရဲ့ဘ၀နေထိုင်မှုနဲ့အဆင်ပြေနိုင်ဖို့ ရုန်းကန်နေရသလဲဆိုတာ ကိုနားလည်နိုင်ဖို့ လက်တလော John Mayer နဲ့တွဲနေတဲ့ ၂၉ နှစ်အရွယ် Katy Perry ကကူညီအဖြေရှာပေးဖို့ တောင့်တနေတာဖြစ်ပါတယ်။

“စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတွေကြောင့် ယုံကြည်မှုလျော့နည်းရတဲ့ယောက်က်ျားလေးတွေအကြောင်း ကျွန်မသူမကိုတကယ်ပဲပြောပြခဲ့ပါတယ်။ ကျွန်မ ဘ၀နေထိုင်မှုပုံစံကို နားလည်၊ အားပေး၊ ချစ်မြတ်နိုးနိုင်ပြီး အဲဒီ့နေထိုင်မှုဟန်ကြောင့် အနှောင့်အယှက်မဖြစ်တဲ့ လူတစ်ယောက်မှမတွေ့ဖူးသေးပါဘူး” လို့ Seventeen မဂ္ဂဇင်းကိုပြောပါတယ်။

အခုအချိန်မှာတော့ အသက် ၂၀ အရွယ်အဆိုတော် Selena ဟာ Justin Bieber နဲ့ဒီလအစောပိုင်းက ပြန်ပေါင်းထုတ်ခဲ့ပြီး ပြီးခဲ့တဲ့ အပါတ်က California ပြည်နယ်၊ Calabasas က Justin Bieber ရဲ့နေအိမ်ကိုရဲတွေဝင်ရောက်ရှာဖွေတာခဲ့ရတာကြောင့် သူတို့ရဲ့အချစ်ဇာတ်လမ်းအတည်တကျမဖြစ်ခင်မှာ သူမက Justin Bieber ကို ဒေါသထိန်းချုပ်ရေးသင်တန်းတွေတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“သူတို့နှစ်ယောက်ပြန်တွဲမယ်ဆိုရင် သူ့ရဲ့နေပုံထိုင်ပုံတွေကိုပြုပြင်ဖို့ သူမက Justin ကိုပြောပါတယ်” လို့ အတွင်းသိတစ်ယောက်ကပြောပါတယ်။

Ref:starpulse
Trend Myanmar