မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 1/20/2014 02:57:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၀ ၁၉.၁.၂၀၁၄ရက်နေ့ ၁၄၀၀ အချိန် မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန်မှတပ်ဖွဲ့ ၀င်များသည် သတင်းအရ သက်သေ များနှင့်အတူ တာမွေမြို့နယ်ရှိ United Living Mail ကုန်တိုက်ရှေ့တွင် စောင့်ဆိုင်းနေစဉ် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်နေ တင်ထွန်းဝင်း (ဘ)ဦးမောင်မောင်မှာ ရောက်ရှိလာသည်ကိုတွေ့ရှိရ သဖြင့် ပုဏ္ဏားကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်ထား သည့် အနက်ရောင်သားရေခေါက်ပိုက်ဆံ အိတ်အတွင်းမှ ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား(၁၀)ပြားစီပါ (၄)ထုပ်၊ အ၀ါရောင်ပလပ်စတစ်စဖြင့်ထုတ်လျက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၁)ပြား၊ စုစုပေါင်း(၄၁)ပြား၊ အဖြူရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက် မူးယစ်ဆေးဝါး ICE ဟုယူဆရသော ပုံဆောင်ခဲငယ်များ(၀.၆၅)ဂရမ်ခန့်စီပါ(၂)ထုပ်၊ စုစုပေါင်း (၁.၃)ဂရမ်ခန့်တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးများအား တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ ရပ်ကွက်နေသူ ညီညီ(စုံစမ်းဆဲ)ထံမှ ယူဆောင်လာကြောင်းသိရှိရသဖြင့် ညီညီ၏နေအိမ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ၎င်းမှာနေအိမ်တွင်မရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ ယင်းသို့ မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တင်ထွန်းဝင်းနှင့်ညီညီ တို့(၂)ဦးအား တာမွေမြို့မရဲစခန်း မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့်အမှုဖွင့်အရေးယူကာ ထွက်ပြေး တိမ်းရှောင်နေသူညီညီအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police