ဂလူးကို့စ် ပမာဏကို တိုင်းတာပေးမယ့် Smart Contact Lenses ကို Google မှ စမ်းသပ်တီထွင်

ပို့စ်တင်ချိန် - 1/20/2014 11:08:00 AM



နည်းပညာအသစ်အဆန်းများကို ပရိသတ်ဆီချပြလေ့ရှိတဲ့ Google အနေနဲ့ “Smart Contact Lenses” အတွက် တီထွင်စမ်းသပ်မှုများ ပြုလုပ်နေ
ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ Lenses တွင် သေးငယ်သော ကြိုးမဲ့ Wireless Chip များနှင့် Sensor များကို ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ Smart Contact Lenses ကို မျက်လုံးတွင် မျက်ကပ်မှန်သဘောမျိုး တပ်ဆင် အသုံးပြုရ မည်ဖြစ်ပြီး သွေးချို၊ ဆီးချိုရောဂါတွေ ကာကွယ်နိုင်စေဖို့ မျက်လုံးအိမ်အတွင်းရှိ မျက်ရည်များရဲ့ ဂလူးကို့စ် (Glucose) ပမာဏကို တိုင်းတာပေးမည်ဖြစ်သည်။

“Lenses က ဂလူးကို့စ် (Glucose) ပမာဏကို တစ်စက္ကန့်မှာ တစ်ကြိမ် Testing လုပ်နိုင်ဖို့ ကျွန်တော်တို့ စမ်းသပ်နေပါတယ်။ ဂလူးကို့စ် Level အနည်းအများကို Lenses ရဲ့ဘေးပတ်လည်မှာရှိတဲ့ သေးငယ်တဲ LED အလင်းရောင်တွေနဲ့ ညွှန်ပြပေးမှာပါ ” ဟု Smart Contact Lenses ရဲ့ Project Leader များက Blog Post တစ်ခုတွင် ဖွင့်ချပြောကြားသွားခဲ့သည်။
အဆိုပါနည်းပညာသစ် Smart Contact Lenses ကို ဈေးကွက်အတွင်း
မြင်တွေ့ရနိုင်ဖို့ စောသေးကြောင်း၊ ရောဂါလက္ခဏာကို တိတိကျကျ
ဖော်ပြနိုင်စေဖို့ အသေးစိတ်လုပ်ဆောင်နေကြောင်း ဆက်လက်ပြောကြား ခဲ့သည်။

Google အနေနဲ့ Smart Contact Lenses ကို စမ်းသပ်အောင်မြင်ခဲ့ပါက လူခန္ဓာကိုယ်တွင် လှည့်ပတ်စီးဆင်းနေတဲ့ ဂလူးကို့စ်နှုန်းတွေကို တွက်ချက်နိုင်ပြီး ရောဂါဖြစ်မှုနှုန်းတွေကို အချိန်မီတားဆီးနိုင်မည်
ဖြစ်သည့် အတွက် အကျိုးများစေတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။

Ref : PC Magazine
May Thazin (TechSpace Journal)