မြန်မာကလာတဲ့ ယာဘားဆေးပြား လေးသောင်းနီးပါး ဘင်္ဂလာမှာဖမ်းမိ

ပို့စ်တင်ချိန် - 1/20/2014 06:11:00 PM


မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်လာတဲ့ ယာဘားစိတ်ကြွဆေးပြား ၃၉၇၀၀ ကို တက်ကနက် အခြေစိုက် အမှတ်(၄၂) BGB က ဒီကနေ့ မနက်က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

အဲဒီဆေးပြားတွေကို ဒီကနေ့မနက် ၅ နာရီခန့်မှာ နယ်ခြားစောင့်တပ်ဖွဲ့တခု ကင်းလှည့်နေတုန်း နတ်မြစ် အမှတ်(၁) ဂိတ်အနီးမှာ လူငယ်တစ်ဦးကို စစ်ဆေးဖို့ရပ်တန့်စဉ်မှာ ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ပြောပါတယ်။

လူငယ်ကတော့  ယာဘားအထုပ်ကို ပစ်ချပြီး ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ယာဘားဆေးပြား အရေအတွက၃၉၇၀၀ ကတော့ လက်ရှိ ကာလတန်ဖိုး ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသုံး တာကာငွေ တစ်ကုဋေ၊ တစ်ဆယ့်ကိုးသိန်း၊ တစ်သောင်းဖိုး ရှိတယ်လို့ ရဲက ပြောပါတယ်။

Narinjara နိရဉ္စရာ