မြန်​မာ​အား​က​စား​အ​ဖွဲ့​အ​သီး​သီး ​ပ​ထ​မေ​ရွှ​တံ​ဆိပ်​ဆု​များ ​ထပ်​မံ ​ရ​ရန်​ရှိ

ပို့စ်တင်ချိန် - 12/16/2013 07:00:00 AM


ဆီး​ဂိမ်း​ပြိုင်​ပွဲဝင် ​မြန်​မာ​အား​က​စား​အ​ဖွဲ့ ​အ​သီး​သီး​ဟာ ​ပ​ထ​မေ​ရွှ​တံ​ဆိပ်​ဆု​တွေ ​ထပ်​မံ​ရ​ဖို့​ရှိ​နေ​ပြီးေ​ရွှ​တံ​ဆိပ် ၆၀​နဲ့ ၈၀​ကြား ​ရ​နိုင်​တယ်​လို့ ​နေ​ပြည်​တော် ​အား​က​စား​ပွဲ​တွေ​မှာ ​သ​တင်း​ယူ​နေ​တဲ့ ​အား​က​စား​က​လောင်​ရှင် ​ကို​စိုး​ညီ​က ​သုံး​သပ်​ပြော​ကြား​လိုက်​ပါ​တယ်။

နေ​ပြည်​တော်​မှာ ​ပြု​လုပ်​နေ​တဲ့ ​အား​က​စား​ပွဲ​တွေ​ကို ​ဒေ​သ​ခံ​ပြည်​သူ​တွေ​သာ​မ​က ​နယ်​အဝေး​မြို့​တွေ​က​ပါ ​လာ​ရောက် ​အား​ပေး​နေ​ကြ​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

ပြိုင်​ပွဲ​တွေ​မှာ ​အ​ဆုံ​အ​ဖြတ်​ပေး​တဲ့ ​ဒိုင်​လူ​ကြီး​တွေ​အ​နေ​နဲ့ ​မြန်​မာ​အ​သင်း​ဆို​ပြီး ​သိ​သိ​သာ​သာ ​ဘက်​လိုက်​ဆုံး​ဖြတ်​တာ​မျိုး​တွေ​လဲ ​မ​တွေ့​ရ​ဘူး​လို့ ​ဆို​ပါ​တယ်။

သ​တင်း​ရ​ယူ​တဲ့​နေ​ရာ​မှာ​လဲ ​အ​စ​ပိုင်း​ရက်​တွေ​က​ထက်​စာ​ရင် ​ပို​ပြီး ​အ​ဆင်​ပြေ ​ချော​မွေ့​လာ​နေ​ပါ​တယ်။

နေ​ပြည်​တော်​တ​ခွင်​မှာ​ရှိ​တဲ့ ​အား​က​စား​ရုံ​တွေ​ကို ​လိုက်​လံ​သ​တင်း​ယူ​နေ​တဲ့ ​ကို​စိုး​ညီ​ကို ​ကျ​နော်​က​ပဲ ​ဆက်​သွယ်​မေး​မြန်း​ထား​ပါ​တယ်။

ပြိုင်​ပွဲ​ဝင် ​အား​က​စား​သ​မား​တွေ​ကို ​အား​ပေး​တဲ့ ​ပ​ရိတ်​သတ် ​အ​နေ​အ​ထား​လေး ​နည်း​နည်း​လာက်​ပြော​ပြ​ပါ​လား​။ ​မြင်​ရ​တွေ့​ရ​တာ​လေး​ပေါ့​။

အ​ခု​ရက်​ပိုင်း​မှာ ​ပ​ရိတ်​သတ်​တွေ ​အား​ပေး​မှု​က ​အ​ရင်​က​ထက်​တော့ ​ပို​များ​လာ​တယ်။ ​စ​စ​ချင်း​တုန်း​က​တော့ ​ကျောင်း​သား​လေး​တွေ ​ဝန်​ထမ်း​တွေ၊ ​အဲ့​ဒါ​တွေ​လောက်​ပဲ ​တွေ့​ရ​တယ်။ ​အ​ခု​နောက်​ပိုင်း​မှာ​တော့ ​ပျ​ဉ်း​မ​နား​တို့ ​နေ​ပြည်​တော်​တို့ ​အဲ​ဒီ့​က ​ပ​ရိတ်​သတ်​တွေ​ကော ​နယ်​ဝေး​က ​ပ​ရိတ်​သတ်​တွေ​ကော ​လာ​ကြည့်​ကြ​တယ်။ ​ပ​ရိတ်​သတ် ​အား​ပေး​မှု ​တော်​တော်​များ​လာ​ပါ​တယ်။ ​မြန်​မာ​တွေ ​ပြိုင်​တာ​ကို ​လှိုက်​လှိုက်​လှဲ​လှဲ​နဲ့ ​အား​ပေး​ကြ​ပါ​တယ်။

ရုပ်​ဆိုး​အ​ကျည်း​တန်​တဲ့ ​ပုံ​စံ​မျိုး​နဲ့ ​အား​ပေး​တာ​မျိုး​ကော ​တွေ့​ရ​လား ​ခင်​ဗျ။

တ​ချို့ ​ပ​ရိတ်​သတ်​တွေ​က​တော့ ​မြန်​မာ​နိုင်​စေ​ချင်​တဲ့ ​စိတ်​တစ်​ခု​ထဲ​နဲ့ ​အား​ပေး​တာ​မျိုး ​ပေါ့​။ ​အား​ပေး​တဲ့​နေ​ရာ​မှာ​လည်း ​နည်း​နည်း ​စည်း​လွတ်​ဝါး​လွတ် ​ဖြစ်​သွား​တဲ့ ​တ​ချို့ ​ပ​ရိတ်​သတ်​ပေါ့​။ ​လူ​နည်း​စု​လေး ​လောက်​ပါ​ပဲ။ ​တ​ခြား​နိုင်​ငံ​က ​က​စား​သ​မား​တွေ​ကို ​စော်​ကား​ချင်​တဲ့ ​စိတ်​မျိုး​နဲ့​တော့ ​မ​ဟုတ်​ဘူး​ပေါ့​နော်။ ​ဥ​ပ​မာ ​ဘိ​လိ​ယက်​လို ​အား​က​စား​နည်း​မှာ ​ပ​ရိတ်​သတ်​က ​ကြည့်​လို့​ရ​တယ်။ ​ဒါ​ပေ​မယ့် ​တ​ခြား ​အား​က​စား​နည်း​တွေ​လို ​ဆူ​ညံ​လို့​မ​ရ​ဘူး ​ဖုန်း​ပြော​လို့​မ​ရ​ဘူး silent ​လုပ်​ထား​ရ​မယ်။ ​အဲ့​ဒီ​လို ​စည်း​ကမ်း​လေး​တွေ​ရှိ​တယ်။ ​အဲ့​ဒီ​လို ​အား​က​စား​နည်း​တွေ​မှာ ​ဘော​လုံး ​အား​က​စား​လို ​အော်​ဟစ် ​အား​ပေး​လိုက်​မိ​တာ​မျိုး​တွေ ​ရှိ​တယ်။  ​အဲ့​ဒီ့​အ​ခါ ​ပြိုင်​ပွဲ ​ကျင်း​ပ​ရေး​က ​သ​တိ​ပေး​ရ​တာ​မျိုး​တွေ။ ​အ​ဓိ​က ​က​တော့ ​အား​က​စား​နည်း ​နဲ့ ​ပတ်​သတ်​ပြီး ​ပ​ရိတ်​သတ်​က ​နည်း​နည်း​လေး ​စိမ်း​နေ​တာ၊ ​ကျွမ်း​ကျင်​မှု ​မ​ရှိ​တာ​ကြောင့် ​မှား​တဲ့ ​အ​မှား​မျိုး​လေး​တွေ​လောက်​ပဲ ​ရှိ​ပါ​တယ်။

ကျ​နော်​တို့ ​ပြိုင်​ပွဲ​တွေ​ကို ​ဆုံး​ဖြတ်​ပေး​တဲ့ ​ဒိုင်​လူ​ကြီး ​တွေ​အ​ပိုင်း​က ​ဘက်​လိုက်​တာ ​မျိုး​၊ ​သ​မာ​သ​မတ်​မ​ကျ​တာ​မျိုး​ကော ​တွေ့​ရ​လား​။ ​ဒါ​မှ​မ​ဟုတ် ​ပုံ​မှန်​အ​တိုင်း​ပဲ​လား​။

ဒိုင်​တွေ​နဲ့ ​ပတ်​သတ်​ပြီး ​ဖြစ်​ရိုး​ဖြစ်​စ​ဉ်​လို့​ပဲ ​ပြော​ရ​မ​လား​ပဲ။ ​တ​ချို့ ​ပွဲ​စ​ဉ်​လေး​တွေ ​မှာ​တော့ ​အ​ငြင်း​ပွား​စ​ရာ​လေး​တွေ​တော့ ​ရှိ​တာ​ပေါ့​။ ​အား​လုံး​ကို ​ခြုံ​ကြည့်​မယ် ​ဆို​ရင်​တော့ ​မြန်​မာ​ဆို​ပြီး ​ဘက်​လိုက်​ပြီး ​အ​သာ​ပေး​ခဲ့​တာ​မျိုး ​မ​တွေ့​ရ​ဘူး​။

အား​က​စား​သ​မား​တွေ ​ပြိုင်​ပွဲ​ဝင်​တဲ့​အ​ခါ​မှာ​ကော ​အေး​အေး​ဆေး​ဆေး ​သက်​တောင့် ​သက်​သာ​နဲ့ ​ပြိုင်​ပွဲ​ဝင်​နိုင်​တာ ​တွေ့​ရ​လား​။

အား​က​စား​သ​မား​တွေ​အ​နေ​နဲ့​ကျ​တော့ ​ပုံ​မှန်​ဆို​ရင် ​သက်​တောင့်​သက်​သာ​ဖြစ် ​မ​ဖြစ် ​ဆို​တာ​ထက် ​ပုံ​မှန်​အ​တိုင်း​ထက် ​ဆန်း​ပြား​နေ​တာ ​တွေ့​ရ​တယ်။ ​နေ​တာ ​ထိုင်​တာ ​စား​တာ ​သောက်​တာ ​သူ​တို့ ​နိုင်​ငံ​မှာ​နေ​တာ​နဲ့​တော့ ​ကွာ​ခြား​မှာ​ပေါ့​။ ​နိုင်​ငံ​လည်း ​မ​တူ​ဘူး ​သ​ဘာဝ ​လည်း ​မ​တူ​ဘူး​။

ကို​စိုး​ညီ ​တို့ ​သ​တင်း​သ​မား​တွေ​ကော ​သ​တင်း​ရ​ယူ​ရ​တာ ​ဘယ်​လို ​အ​ခက်​အ​ခဲ​တွေ ​ရှိ​နေ​သေး​လဲ။

ပြိုင်​ပွဲ​စ​ကာ​စ ​က​တော့ ​သ​တင်း​ယူ​ရ​တာ ​အ​တော်​လေး​ခက်​ခဲ​တယ်။ ​ဟို​နေ​ရာ ​မ​ဝင်​ရ ​ဒီ​မ​သွား​ရ ​ဆို​တာ​မျိုး​တွေ၊ ​နောက်​ပြီး ​အား​က​စား​ရုံ ​တ​ခု​က​နေ ​တ​ခု​ကို ​သွား​ရ​တဲ့ ​အ​ပိုင်း​တွေ​မှာ ​ပို့​ဆောင်​ရေး​ပတ်​သတ်​ပြီး ​ကား​တွေ ​စီ​စ​ဉ်​ထား​တာ​မျိုး​တွေ ​မ​ရှိ​တာ​တွေ။ ​အဲ့​ဒါ​မျိုး​တွေ ​အ​များ​ကြီး​ကြုံ​ခဲ့​ရ​တယ်။ ​အ​ခု​နောက်​ပိုင်း​မှာ​တော့ ​အ​များ​ကြီး ​အ​ဆင်​ပြေ​လာ​တာ​မျိုး​တွေ ​တွေ့​ရ​တယ် ။ ​အ​ဆင်​ပြေ​တယ် ​ဆို​တဲ့ ​အ​ပိုင်း​မှာ ​ပြိုင်​ပွဲ​ကျင်း​ပ​ရေး​က​နေ ​ရုံ​တ​ခု​နဲ့​တ​ခု ​ကူး​လို့​ရ​အောင် ​ဂိတ်​ပေါက်​ဝ​က​နေ ​အ​ထဲ​ဝင်​လို့​ရ​အောင် ​စီ​စ​ဉ်​ထား​တာ​မျိုး​တွေ​လည်း ​ရှိ​တယ်။ ​မီ​ဒီ​ယာ​တွေ ​အ​ပိုင်း​က​လည်း ​ပြိုင်​ပွဲ​ရက်​ကြာ​လာ​တော့ ​ဘယ်​က​နေ ​ဘယ်​သွား​ရ​မယ် ​ဘာ​လုပ်​ရ ​မယ်​ဆို​တာ ​လုပ်​ရင်း​ကိုင်​ရင်း ​အ​ဆင်​ပြေ​အောင် ​လုပ်​တက်​လာ​တယ်​ပေါ့​။ ​အ​စ​က ​ထက်​တော့ ​ပို​ပြီး​အ​ဆင်​ပြေ​လာ​တယ်။ ​ပြိုင်​ပွဲ​က ​စီ​စ​ဉ်​ပေး​တာ​က ​တ​ပိုင်း ​မီ​ဒီ​ယာ ​တွေ​က ​ပြိုင်​ပွဲ​ရက်​ကြာ​လာ​တော့ ​အ​ဆင်​ပြေ​အောင် ​လုပ်​တက်​လာ​တယ်​ပေါ့​။

မြန်​မာေ​ရွှ​ရ​နိုင်​တဲ့ ​အား​က​စား​နည်း​တွေ ​ကျန်​သေး​လား​။

မြန်​မာေ​ရွှ​ရ​နိုင်​တဲ့ ​အား​က​စား​နည်း​တွေ ​ကျန်​ပါ​သေး​တယ်။ ​အ​ခု​လက်​ရှိ ​ကျင်း​ပ​နေ​တဲ့ ​ပြေး​ခုန်​ပစ် ​ဒီ​မ​နက်​မှာေ​ရွှ​တ​ခု ​စ​ရ​တယ်။ ​ပြေး​ခုန်​ပစ်​က​နေ ​နောက်​ထပ်ေ​ရွှ​တွေ ​ရ​နိုင်​ဖို့ ​ရှိ​ပါ​သေး​တယ်။ ​မြှား​ပစ် ​ဆို​ရင်​လည်း ​ပြိုင်​ပွဲ ​စ​နေ​ပါ​ပြီ ​မြှား​ပစ်​မှာေ​ရွှ ​ရ​နိုင်​တယ်။ ​နောက်​ပြီး​တော့ ​ချောင်း​သာ​မှာ ​လုပ်​နေ​တဲ့ ​ရွက်​လှေ​ပြိုင်​ပွဲ​က​နေေ​ရွှ​ရ​နိုင်​တယ်။ ​နောက် ​နေ​ပြည်​တော် ​င​လိုက်​ဆည်​မှာ ​လုပ်​မယ့် ​အ​နောက်​တိုင်း ​လှေ​လှော် ​ရိုး​ရာ ​လှေ​လှော်  ​အဲ​ဒါ​တွေ​က​နေေ​ရွှ​တွေ​ရ​နိုင်​တယ်။ ​နောက် ​ပိုက်​ကျော်​ခြင်း ​ပွဲ​စ​ဉ်​တွေ ​ကျန်​သေး​တယ်။ ​အဲ​ဒါ​က​နေေ​ရွှ​ရ​နိုင်​သေး​တယ်။ ​စစ်​တု​ရင်​တို့ ​ဘိ​လိ​ယက်​တို့​က​နေေ​ရွှ​ရ​နိုင်​တယ်။ေ​ရွှ​ရ​နိုင်​တဲ့ ​အား​က​စား​တွေ ​က​တော့ ​အ​များ​ကြီး ​ကျန်​ပါ​သေး​တယ်။ ​အ​ခု​လော​လော​ဆယ်ေ​ရွှ ၃၀ ​ကျော်​ရ​ထား​တယ်။ ​နောက်​ထပ်ေ​ရွှ​အ​ခု ၃၀ ​နဲ့ ၅၀ ​ကြား​မှာ ​ထပ်​ရ​မယ် ​လို့ ​ခန့်​မှန်း​ပါ​တယ်။

ဘယ်​လို ​အား​က​စား​နည်း​တွေ​က ​များ​များ​စား​စား ​ရ​နိုင်​သ​လဲ။

အ​ဓိ​က ​လက်​ကျန်​ထဲ​မှာ​တော့ ​ရိုး​ရာ ​လှေ​လှော်​က​နေ ​အ​များ​ဆုံး ​ရ​နိုင်​ပါ​တယ်။