ပြေး​ခုန်​ပစ်ေ​ရွှ​ရ​ရင် ​ဦး​တေ​ဇ ​သိန်း ၃၀၀ ​ဆု​ချ​မည်

ပို့စ်တင်ချိန် - 12/16/2013 09:15:00 PM

အ​မျိုး​သ​မီး ​ကီ​လို​မီ​တာ ၂၀ ​လမ်း​လျှောက်​ပြိုင်​ပွဲ ​ကျင်း​ပ​ခဲ့​ရာ ​မြန်​မာ​အ​သင်း​မှ ​မ​စော​မာ​လာ​နွယ်

လက်​ရှိ ​ကျင်း​ပ​နေ​တဲ့ ၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​)​မှာ ​ပြေး​ခုန်​ပစ် ​အား​က​စား ​ပြိုင်​ပွဲ​တွေ​အ​တွက်ေ​ရွှ​တံ​ဆိပ် ၁ ​ခု ​ဆွတ်​ခူး​ရင် ​ကျပ်​ငွေ ​သိန်း ၃၀၀ ​ချီး​မြှင့်​မယ်​လို့ ​ထူး​ကု​မ္ပ​ဏီ​ပိုင်​ရှင် ​သူ​ဌေး​ကြီး ​ဦး​တေ​ဇ​က ​ကြေ​ညာ​ပါ​တယ်။

ပြီး​ခဲ့​တဲ့​ရက်​ပိုင်း ​နေ​ပြည်​တော်​မှာ ​လုပ်​တဲ့ ​ပြေး​ခုန်​ပစ် ​အ​ဖွဲ့​ချုပ် ​အ​စည်း​အဝေး​မှာ ​ဦး​တေ​ဇ ​ကိုယ်​စား ​ဒု​ဥ​က္က​ဋ္ဌ ​ဦး​မင်း​သိန်း​က ​အား​က​စား​သ​မား​တွေ​ကို ​က​တိ​ပေး​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

မ​နေ့​က ​ပြေး​ခုန်​ပစ်​အား​က​စား​ပြိုင်​ပွဲ​ကို ​နေ​ပြည်​တော် ၀​ဏ္ဏ​သိ​ဒ္ဓိ ​အား​က​စား​ကွင်း​ကြီး​မှာ ​စ​တင်​ဖွင့်​လှစ်​ခဲ့​ပြီး ​မြန်​မာ​နိုင်​ငံ​က ​ပြေး​ခုန်​ပစ်​အား​က​စား​မယ် ​စော​မာ​လာ​နွယ်​က ​အ​မြန်​လမ်း​လျှောက်​အား​က​စား​နည်း​မှာ ​ပွဲ​ဦး​ထွက်ေ​ရွှ​တံ​ဆိပ် ​ရ​ရှိ​ခဲ့​ပါ​တယ်။

လက်​ရှိ ​ဆီး​ဂိမ်း​မှာေ​ရွှ​ရ​ရင် ​ကျပ်​ငွေ ​သိန်း ​ဘယ်​လောက်​ပေး​မယ် ​ဆို​ပြီး ​လုပ်​ငန်း​ရှင် ​သူ​ဌေး​ကြီး​တွေ ​အ​ပြိုင်​အ​ဆိုင် ​ကြေ​ညာ​နေ​ကြ​ရာ​မှာ ​ဦး​တေ​ဇ ​ပေး​မယ့် ​ဆု​ကြေး​ငွေ​က ​အ​များ​ဆုံး ​ဖြစ်​ပါ​တယ်။

အ​လား​တူ ​စက်​ဘီး​ဆို​ရင် ​အ​ဖွဲ့​လိုက်ေ​ရွှ​ရ​ရင် ​ကျပ် ​သိန်း ၁၀၀၊ ​တ​ဦး​ချင်းေ​ရွှ​ရ​ရင် ​ကျပ် ​သိန်း ၅၀၊ ​ဘိ​လိ​ယက်​နဲ့ ​စ​နူ​ကာ ​အ​ဖွဲ့​ချုပ်​ကေ​ရွှ​ရ​ရင် ​ကျပ် ​သိန်း ၅၀၊ ​ပန်​ကြပ်​ဆီ​လတ် ​အ​ဖွဲ့​ချုပ်​ကေ​ရွှ​ရ​ရင် ​ကျပ် ​သိန်း ၁၀၀၊ ​ဘော​လုံး​အ​သင်းေ​ရွှ​ရ​ရင် ၁ ​ယောက် ​သိန်း ၁၀၀ ​နဲ့ ​တ​သင်း​လုံး​အ​တွက် ​ကျပ် ​သိန်း ၂၃၀၀ ​စ​သ​ဖြင့် ​ချီး​မြှင့်​မယ်​လို့ေ​ရွှ​တောင်​ကု​မ္ပ​ဏီ၊ ​က​မ္ဘော​ဇ ​ဘဏ်​နဲ့ ​လုပ်​ငန်း​ရှင် ​သူ​ဌေး​ကြီး​တွေ​က ​သီး​ခြား​စီ ​ကြေ​ညာ​ထား​ကြ​ပါ​တယ်။
DVB Burmese