ကျ​နော်​တို့ ​ရာ​ဇ၀တ်​သား​တွေ ​ပြန်​ဖြစ်​ရ​ပြီ – ​မိန်း​မ​လျာ​လိင်

ပို့စ်တင်ချိန် - 12/16/2013 08:45:00 PM

န​ယူး​ဒေ​လီ ​ဂျန်​တာ​မန်​တာ​ရင်​ပြင်​မှာ ​တ​ရား​ရုံး​ချုပ်​က ​စီ​ရင်​ဆုံး​ဖြတ် ​ပြီး​ပြီး​ချင်း ​ဆ​န္ဒ​ပြ​နေ​စ​ဉ်

အိ​န္ဒိ​ယ​က ​လိင်​တူ​ဆက်​ဆံ​သူ၊ ​မိန်း​မ​လျာ၊ ​လိင်​နှစ်​မျိုး​ဆက်​ဆံ​သူ​နဲ့ ​လိင်​ပြောင်း​သူ​တွေ​ရဲ့ ​လူ့​အ​ဖွဲ့​အ​စည်း​မှာ​တော့ ​အ​ဓိ​က ​နောက်​ပြန်​ဆွဲ​မှု​နဲ့ ​ကြုံ​နေ​ရ​ပါ​တယ်။ ​တ​ရား​ရုံး​ချုပ်​က ​မိန်း​မ​လျာ​လိင်​ကို ​တ​ရား​၀င်​အ​ဖြစ် ​သတ်​မှတ်​ပေး​လိုက်​တဲ့ ​အောက်​တ​ရား​ရုံး​ရဲ့ ​စီ​ရင်​ဆုံး​ဖြတ်​မှု​ကို ​ပြောင်း​လဲ​ဆုံး​ဖြတ်​လိုက်​တာ​ပါ။ ​တ​ရား​ရုံး​ရဲ့ ​အ​ဆို​အ​ရ ​မိန်း​မ​လျာ​လိင်​ဟာ ​တ​ရား​မ၀င်​ပြစ်​မှု ​ဖြစ်​နေ​ပါ​သေး​တယ်။

မိန်း​မ​လျာ​လိင်​ကို ​တ​ရား​မ၀င်​အ​ဖြစ် ​တ​ရား​ရုံး​ချုပ်​က ​စီ​ရင်​ဆုံး​ဖြတ် ​ပြီး​ပြီး​ချင်း​ပဲ ​န​ယူး​ဒေ​လီ  ​ဂျန်​တာ​မန်​တာ​ရင်​ပြင်​မှာ ​ဆ​န္ဒ​ပြ​ကြ​ပါ​တယ်။

လိင်​တူ​ဆက်​ဆံ​သူ၊ ​မိန်း​မ​လျာ၊ ​လိင်​နှစ်​မျိုး​ဆက်​ဆံ​သူ ​နဲ့ ​လိင်​ပြောင်း​သူ​တွေ​ရဲ့ ​လူ့​အ​ဖွဲ့​အ​စည်း​က ​ရာ​နဲ့​ချီ​တဲ့ ​အ​ဖွဲ့​၀င်​တွေ​နဲ့ ​သူ​တို့​ကို ​ထောက်​ခံ​သူ​တွေ​က ​အ​နက်​ရောင် ​န​ဖူး​စည်း​တွေ ၀တ်​ဆင်​ပြီး “​ဒါ ​အိ​န္ဒိ​ယ​မှာ ​လူ့​အ​ခွင့်​အ​ရေး​အ​တွက် ၀မ်း​နည်း​စ​ရာ​နေ့​တ​နေ့​” ​လို့ ​ရေး​ထား​တဲ့ ​လက်​ကိုင်​ပို​စ​တာ​တွေ​နဲ့ “​မိန်း​မ​လျာ​တ​ယောက် ​ဖြစ်​ရ​တာ ​ဂုဏ်​ယူ​တယ်”​ဆို​တဲ့ ​ပို​စ​တာ​တွေ​ကို ​ကိုင်​ဆောင်​ကြ​ပါ​တယ်။”
.
ကန့်​ကွက်​ဆ​န္ဒ​ပြ​တဲ့​အ​ထဲ​မှာ ​ပါဝင်​ပြီး ​အ​နက်​ရောင် ​အ၀တ်​စ​နဲ့ ​ပိတ်​စည်း​ထား​တဲ့ ​ရှီ​ဘူ​က  “​ဥ​ပ​ဒေ​က ​ကန်း​နေ​ပြီး ​အဲ​ဒီ​လို​ပဲ ​အ​မြဲ ​ဆက်​ကန်း ​နေ​ဦး​မှာ​ပဲ​ဗျ။ ​သူ​က ​ဘာ​မှ ​မ​မြင်​ဘူး​လေ၊ ​ဘယ်​သူ​ကို​မှ​လည်း ​မ​မြင်​ဘူး​။ ​အ​ခု​တော့ ​ကျ​နော်​တို့ ​ဘာ​မှ​မ​မြင်​ရ​ဖို့​အ​တွက် ​ကျ​နော်​တို့​လည်း ​ကန်း​ပစ်​ချင်​နေ​ပြီ” ​လို့ ​ပြော​ပါ​တယ်။

တ​ရား​ရုံး​ချုပ်​က ​ကို​လို​နီ​ခေတ်​က ​ဥ​ပ​ဒေ​ကို ​ကိုင်​စွဲ​ထား​တဲ့​အ​တွက် ​အဲ​ဒီ ​ဥ​ပ​ဒေ​အ​ရ ​မိန်း​မ​လျာ​လိင်​ကို ​ထောင်​ဒဏ် ၁၀ ​နှစ်​ထိ ​အ​ပြစ်​ပေး​လို့​ရ​တဲ့ ​အ​ရေး​ကြီး​တဲ့ ​ရာ​ဇ၀တ်​မှု​တ​ခု​အ​ဖြစ် ​သ​ဘော​ထား​တာ​ပါ။

၂၀၀၉ ​ခု​နှစ်​မှာ ​ဒေ​လီ​တ​ရား​ရုံး​က ​အဲ​ဒီ ​ဥ​ပ​ဒေ​ကို ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​က ​အာ​မ​ခံ​ထား​တဲ့ ​တန်း​တူ​ညီ​မျှ​မှု၊ ​တ​ကိုယ်​ရေ ​သီး​သန့်​နေ​ထိုင်​မှု ​ဂုဏ်​သိ​က္ခာ ​စ​တာ​တွေ​ကို ​ချိုး​ဖောက်​တာ​လို့ ​စီ​ရင်​ပြီး ​ဆန့်​ကျင် ​ပယ်​ဖျက်​ပစ်​ခဲ့​ပါ​တယ်။

အဲ​ဒီ ၂၀၀၉ ​ခု​နှစ် ​စီ​ရင်​ဆုံး​ဖြတ်​မှု​က ​လူ​တွေ​ကို ​မိန်း​မ​လျာ​ဘ၀ ​ချီ​တက် ​လမ်း​လျှောက်​ပွဲ ​မျိုး​တွေ​ကို ​ပို​ပြီး ​ပွင့်​ပွင့်​လင်း​လင်း ​စည်း​ရုံး​ဆောင်​ရွက်​နိုင်​ခွင့် ​ပြု​ခဲ့​ပါ​တယ်။

သူ​တို့​ရဲ့​လိင်​တိမ်း​ညွှတ်​မှု​အ​ရ ​မိန်း​မ​လျာ​တွေ​ကို ​အ​လုပ်​က ​ထုတ်​ပစ်​တာ​မျိုး​ကို ​အ​ကာ​အ​ကွယ်​ပေး​ဖို့ ​အ​ထောက်​အ​ကူ ​ဖြစ်​စေ​ခဲ့​ပြီး ​ဆ​ရာဝန်​တွေ​ကို​လည်း ​လိင်​တူ​ဆက်​ဆံ​သူ​တွေ​ကို ​ပြု​စု​ကု​သ​ပေး​ဖို့ ​ငြင်း​ပယ်​တာ​မျိုး ​ဆက်​မ​လုပ်​နိုင်​အောင် ​တား​ဆီး​နိုင်​ခဲ့​ပါ​တယ်။

“​ကျ​နော်​တို့​ဟာ ​ပုန်းေ​ရှာင်​စ​ရာ​မ​လို​ဘဲ ​ပုံ​မှန်​ဘ၀​ကိုေ​ရှး​ရှု​နိုင်​တဲ့ ​လွတ်​လပ်​တဲ့ ​နိုင်​ငံ​သား​တွေ ​ဖြစ်​လာ​ခဲ့​ကြ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဒီ​နေ့​က ​စ​ပြီး​တော့ ​ကျ​နော်​တို့​ဟာ ​ရာ​ဇ၀တ်​မှု ​ကျူး​လွန်​သူ​တွေ ​ပြန်​ဖြစ်​ရ​ပြီး ​စိတ်​အ​နှောင့်​အ​ယှက်​ပေး​တာ၊ ​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​ရ​တာ​တွေ ​တ​ခါ​ပြန်​ပြီး ​အ​လုပ်​ခံ​ရ​နိုင်​ပါ​တယ်။”

တ​နိုင်​ငံ​လုံး​မှာ ​အ​များ​စု​ကြီး​ကေ​ရှး​ရိုး​စွဲ​တွေ​အ​ဖြစ် ​ရှိ​နေ​ဆဲ​ဖြစ်​ပြီး ​လက်​မ​ထပ်​ဘဲ ​လိင်​ဆက်​ဆံ​တာ​မျိုး​ကို ​လိင်​ကွဲ၊ ​လိင်​ဆက်​ဆံ​သူ ​စုံ​တွဲ​တွေ ​ဖြစ်​ရင်​တောင်​မှ ​မှား​ယွင်း​တဲ့ ​လုပ်​ရပ်​လို့ ​သ​ဘော​ထား​ခံ​ကြ​ရ​ပါ​တယ်။
အ​စိုး​ရ​က ​ဒီ​ကိ​စ္စ​ကို ​ရေ​တို​မှာ​တော့ ​လူ​ထု​ကို ​တိ​တိ​လင်း​လင်း ​ချ​ပြ​ဖို့ ​အ​ရဲ​ကိုး​လောက်​စ​ရာ ​အ​လား​အ​လာ ​မ​ရှိ​ဘူး​လို့ ​ထင်​ရ​ပါ​တယ်။
အ​ထွေ​ထွေေ​ရွး​ကောက်​ပွဲ​တွေ​ကို ​နောက်​နှစ် ​မေ​လ​မှာ ​ကျင်း​ပ​မှာ ​ဖြစ်​ပြီးေ​ရှး​ရိုး​စွဲ​တွေ ​ဖြစ်​တဲ့ ​ဟိ​န္ဒူ ​အ​မျိုး​သား​ရေး​၀ါ​ဒီ ​အ​တိုက်​အ​ခံ​က​တော့ ​အ​ရှိန်​ရ ​အား​ကောင်း​နေ​ပါ​တယ်။
ယော​ဂ​ဆ​ရာ​ဖြစ်​တဲ့ ​ဘာ​ဘာ​ရမ်​ဒက်ဗ်​လို ​ဟိ​န္ဒူ​ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​က​တော့ ​တ​ရား​ရုံး​ချုပ်​ရဲ့ ​ဆုံး​ဖြတ်​ချက်​ကို ​ထောက်​ခံ​ကြို​ဆို​ကြ​ပါ​တယ်။

“​လိင်​တူ​ဆက်​ဆံ​တာ​ကို ​တ​ရား​မ၀င် ​ကြေ​ညာ​လိုက်​ပြီး ​ရာ​ဇ၀တ်​မှု​အ​ဖြစ် ​သတ်​မှတ် ​လိုက်​တဲ့​အ​တွက် ​တ​ရား​ရုံး​ချုပ်​က ​ဟိ​န္ဒူ၊ ​အ​စ္စ​လာမ်၊ ​ခ​ရစ်​ယာန်၊ ​ဆစ်ခ်​တွေ​နဲ့ ​ကိုယ်​ကျင့်​တ​ရား​ကို ​ယုံ​ကြည်​ကြ​တဲ့ ​သန်း​ပေါင်း​များ​စွာ​ရှိ​တဲ့ ​အိ​န္ဒိ​ယ​တွေ​ရဲ့ ​ခံ​စား​မှု​ကို ​လေး​စား​တယ်​ဆို​တာ ​ပြ​သ ​လိုက်​တာ​ပါ​ပဲ။ ​လိင်​တူ ​ဆက်​ဆံ​တာ​ဟာ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​တာ​ပဲ​ဗျ။ ​ကိုယ်​ကျင့်​တ​ရား ​ပျက်​တာ၊ ​ကြောင်း​ကျိုး​တ​ကျ ​မ​ရှိ၊ ​သိ​ပ္ပံ​နည်း​မ​ကျ ​သ​ဘာဝ​လည်း ​မ​ကျ​ပါ​ဘူး​ဗျာ။”

မိန်း​မ​လျာ ​အ​ခွင့်​အ​ရေး​အုပ်​စု​တွေ​က​တော့ ​တ​ရား​ရုံး​ချုပ်​ရဲ့ ​စီ​ရင်​ဆုံး​ဖြတ်​မှု​ကို ​ပြန်​ပြောင်း​လဲ​ဖို့ ​ပြန်​လည်​သုံး​သပ်​ဖို့ ​အ​ခု ​ကြိုး​စား​နေ​ကြ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဒီ​လိုေ​ရွး​ချယ်​မှု​တွေ​က​တော့ ​အောင်​မြင်​မှု ​ရ​ခဲ​ပါ​တယ်။
ဂေါ​တမ်​ဘန်း​လို ​တက်​ကြွ​လှုပ်​ရှား​သူ​တွေ​က​တော့ ​မီ​ဒီ​ယာ​တွေ ​နဲ့ ​ဒီ​လို ​ကန့်​ကွက် ​ဆန့်​ကျင်​ပွဲ​တွေ​ကို ​သုံး​ပြီး ​ပြည်​သူ​လူ​ထု​ရဲ့ ​ဖိ​အား​နဲ့ ​တ​ရား​ရုံး​ရဲ့​ဆုံး​ဖြတ်​ချက် ​ကို ​ပြောင်း​ပြန်​လှန်​ပစ်​ဖို့ ​ပို​ပြီး ​အောင်​မြင်​မှု ​ရ​လာ​နိုင်​မယ်​လို့ ​မျှော်​လင့်​နေ​ကြ​ပါ​တယ်။
ဂေါ​တမ်​ဘန်း​က “​ကျ​နော်​တို့​က ​ကျ​နော်​တို့​ရဲ့​နှ​လုံး​သား​ထဲ​မှာ ​ရှိ​နေ​တဲ့​သူ​တွေ ​လက်​ခံ​ဖို့ ​ကျ​နာ်​တို့​ဘ၀​ရဲ့ ​အ​ခက်​အ​ခဲ​ဆုံး ​တိုက်​ပွဲ​ကို ​တိုက်​ခဲ့​ကြ​တာ​ပါ။ ​ဒီ ​တ​ရား​ရုံး​က ​အ​ကြောက်​တ​ရား​ဆို​တာ ​ဘာ​ဆို​တာ ​သူ​တို့ ​သိ​တယ်​လို့ ​ထင်​တယ်​ဆို​ရင် ​ဒီ​တိုင်း​ပြည်​မှာ ​ရှိ​တဲ့ ​မိန်း​မ​လျာ​တိုင်း ​နေ​ထိုင်​နေ​ကြ​တဲ့ ​အ​ခြေ​အ​နေ​ကို ​နား​လည်​နိုင်​ပါ​တယ်။ ​ကျ​နော်​တို့​က ​ကျ​နော်​တို့​ရဲ့ ​ဒီ ​မ​ကောင်း​ဆိုး​၀ါး ၀ိ​ညာ​ဉ်​နဲ့ ​ရှင်​သန်​နေ​ထိုင်​နိုင်​ရင် ​ဒီ ​အ​လေ့​အ​ထ​ကို​လည်း ​ရှင်​သန်​အောင် ​လုပ်​နိုင်​မယ်​ဆို​တာ​ကို​လည်း ​သူ​တို့ ​နား​လည်​လာ​ကြ​ပါ​လိမ့်​မယ်” ​လို့ ​ပြော​ပါ​တယ်။

ဘစ်စ်​မီ​လာ ​ဂီ​လာ​နီ​က ​အာ​ရှ​ဒေ​သ ​သ​တင်း​ဆောင်း​ပါး​က​ဏ္ဍ​အ​တွက် ​အိ​န္ဒိ​ယ​နိုင်​ငံ ​န​ယူး​ဒေ​လီ​မြို့​တော်​က​နေ ​သ​တင်း​ပေး​ပို့ ​ထား​ပါ​တယ်။
DVB Burmese