ဒေါ်​အောင်​ဆန်း​စု​ကြည် ​ခွဲ​စိတ်​ကု​သ

ပို့စ်တင်ချိန် - 12/16/2013 01:46:00 PM


အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဒီ​နေ့ ​မ​နက် ၇ ​နာ​ရီ​ခွဲ​က​နေ ​မ​နက် ၉ ​နာ​ရီ​ကျော်​အ​ထိ ​အာ​ရှ​တော်ဝင်​ဆေး​ရုံ​မှာ ​ခြေ​ထောက်​ခွဲ​စိတ်​ကု​သ​မှု ​ခံ​ယူ​ခဲ့​တယ်​လို့ ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ပြော​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ဆ​ရာဝန် ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ကျန်း​မာ​ရေး ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​ပြီး ​ဒီ​နေ့ ​ပြု​လုပ်​တဲ့​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​မှာ ​ပြော​ဆို​လိုက်​တာ​ပါ။

လမ်း​လျောက်​တာ ​များ​တဲ့​အ​တွက် ​ခြေ​မ ၂ ​ချောင်း​လုံး​ကို ​အ​တွင်း​ရော၊ ​အ​ပြင်​ရော ​ခွဲ​စိတ် ​ကု​သ​ခံ​ရ​ပြီး ​အ​ရိုး​နည်း​နည်း ​ခြစ်​ထုတ်​ခဲ့​ရ​တယ်​လို့ ​ဒေါက်​တာ ​တင်​မျိုး​၀င်း​က ​ပြော​ဆို​ခဲ့​ပါ​တယ်။ ​အာ​ရှ​တော်ဝင် ​အ​ရိုး​အ​ထူး​ကု​ဆ​ရာဝန်​ကြီး​တွေ​က ​ခွဲ​စိတ်​ကု​သ​ခဲ့​တာ​လို့ ​ဆို​ပါ​တယ်။

၃ ​ရက်​လောက်​နေ​ရင် ​လမ်း​ပြန်​လျှောက်​နိုင်​မှာ​ဖြစ်​သ​လို ​ဆေး​ရုံ​က ​ဘယ်​တော့ ​ဆင်း​မ​လဲ​ဆို​တာ​က​တော့ ​သူ့​ကို ​ခွဲ​စိတ်​တဲ့ ​ဆ​ရာဝန်​ကြီး​တွေ​အ​ပေါ်​မှာ ​မူ​တည်​တယ်​လို့ ​ရှင်း​လင်း​ပြော​ဆို​ခဲ့​ပါ​တယ်။
DVB Burmese