ပင်း​တ​ယ​တွင် ​လေ​ပြင်း​ကြောင့် ၁ ​ဦး ​သေ​ဆုံး​၊ ​အိမ်​ခြေ ၄၆ ​လုံး ​ပျက်​စီး

ပို့စ်တင်ချိန် - 12/16/2013 07:00:00 PM


ရှမ်း​ပြည်​တောင်​ပိုင်း ​ဓ​နု ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေ​သ​ထဲ​က ​ပင်း​တ​ယ​မြို့​နယ် ၀ါး​ပြား​နဲ့ ​ကူး​ကော်​ကျေး​ရွာ​မှာ ​ဒီ​ဇင်​ဘာ ၁၄ ​ရက်​နေ့ ​မွန်း​လွဲ​ပိုင်း​က ​ရုတ်​တ​ရက် ​တိုက်​ခိုက်​ခဲ့​တဲ့ ​လေ​ပြင်း ​ကြောင့် ​အ​ထက်​တန်း​ကျောင်း​သား ၁ ​ဦး ​သေ​ဆုံး​ခဲ့​ပါ​တယ်။

ဝါး​ပြား​နဲ့ ​ကူး​ကော်​ကျေး​ရွာ​မှာ ​တိုက်​ခတ်​ခဲ့​တဲ့​  ​လေ​ပြင်း​ကြောင့်​  ​စံ​သီး​ကုန်း ​ဘုန်း​တော်​ကြီး​ကျောင်း​နဲ့ ​လူ​နေ​အိမ်​ခြေ ၄၆ ​လုံး​နဲ့ ​ကျပ်​ငွေ ​သိန်း ၁၀၀ ​နီး​ပါး ​ဆုံး​ရှုံး​သွား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဓာတ်​ပုံ - ​ဓ​နု​တိုင်း​ရင်း​သား​များ ​ဆုံ​ဆည်း​ရာ ​ဖေ့​ဘွတ်ခ်
ဓာတ်​ပုံ – ​ဓ​နု​တိုင်း​ရင်း​သား​များ ​ဆုံ​ဆည်း​ရာ ​ဖေ့​ဘွတ်ခ်

ဒီ​လေ​ပြင်း​ကြောင့် ​ရွာ​ငံ​မြို့​နယ် ​ပွေး​ပြတ်​ကျေး​ရွာ​က​နေ  ​အ​မျိုး​တွေ ​ရှိ​တဲ့ ​ဒီ​ရွာ​မှာ ​ကျောင်း ​လာ​တက်​နေ​တဲ့ ​န၀​မ​တန်း ​ကျောင်း​သား ​အ​သက် ၁၅ ​နှစ်​အ​ရွယ် ​မောင်​ဇော်​မင်း​ထက် ​ဦး​ခေါင်း​မှာ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ပြီး ​ဒီ​ဇင်​ဘာ ၁၅ ​ရက်​နေ့​က ​ပင်း​တ​ယ​ဆေး​ရုံ​မှာ  ​ကွယ်​လွန်​သွား​တယ်​လို့ ​ဓ​နု ​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေ​သ​မှာ ​လူ​မှု​ရေး​လုပ်​ငန်း​တွေ​ကို ​လုပ်​ဆောင်​နေ​တဲ့ ​ပင်း​တ​ယ​မြို့​ခံ ​ဦး​နေ​သူ​ယု​နိုင်​က ​ပြော​ပါ​တယ်။

“​ပ​ထ​မ​ဆုံး ​ပင်း​တ​ယ​ဘက်​မှာ ​မိုး​သီး​တွေ ​အ​များ​ကြီး​ကျ​တယ်။ ​ကိုး​တန်း​ကျောင်း​သား ၁၅ ​နှစ် ​ခေါင်း​မှာ ​ဒဏ်​ရာ​ရ​ပြီး ​မ​နေ့ ​ည​နေ​မှာ ​ဆုံး​သွား​တယ်။ ​ဒီ​နေ့ ​သ​င်္ဂြိုဟ်​တယ်။”

ဒီ​လေ​ပြင်း​တိုက်​ခတ်​ခဲ့​တဲ့​နေ့​က ​ပင်း​တ​ယ​မြို့​ပေါ်​မှာ​လည်း ​မိုး​သီး​တွေ ​ကျ​ခဲ့​တယ်​လို့​  ​ကို​နေ​သူ​ယု​နိုင်​က ​ပြော​ပါ​တယ်။

ဒီ ​ကျေး​ရွာ​တွေ​ကို ​ဓ​နု​စာ​ပေ​နဲ့ ​ယ​ဉ်​ကျေး​မှု​အ​သင်း​၊ ​ပင်း​တ​ယ​မြို့​ပေါ်​က ​စေ​တ​နာ​ရှင်၊ ​လူ​မှု​ရေး ​အ​ဖွဲ့​အ​စည်း​၊ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​အ​ပါ​အ၀င် ​နိုင်​ငံ​ရေး​ပါ​တီ​တွေ​နဲ့ ​ကျန်း​မာ​ရေး ​ဌာ​န​က ​တာဝန်​ရှိ​သူ​တွေ​နဲ့ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​တို့​က ​သွား​ရောက် ​အ​ကူ​အ​ညီ​ပေး​ခဲ့ ​ကြ​ပါ​တယ်။
DVB Burmese