အပြင်ပေါက်ဈေးတွေ ကျဆင်းလာတဲ့ (၁၅၀၀)တန် ဆင်းကဒ်များ

ပို့စ်တင်ချိန် - 12/16/2013 08:30:00 PM


နေပြည်တော်ဒေသတွင် (၁၅၀၀)တန် ဆင်းကဒ်များ ဈေးကျဆင်းလာတယ်လို့ သိရပါတယ်။

GSM ဆင်းကဒ်များမှာ ကနဦးပြင်ပတွင် ကျပ်တစ်သိန်းနှစ်သာင်းမှ တစ်သိန်းသုံးသောင်းအထိရှိခဲ့သော်လည်း မကြာသေးမီက ခုနှစ်သောင်းခွဲကျပ်အထိကျဆင်းပြီး ယခု ကိုးသောင်းခန့်လောက်အထိဈေးပြန်လည်းမြင့်တက်လာတယ်လို့ သိရပါတယ်။

အ၀ယ်လိုက်မျက်နှာပန်းလှနေသည့်မှာ ယခု ထပ်မချပေးတော့သည့် CDMA 800 Mhz ကဒ်တွေဖြစ်ပါတယ်။
အကြောင်းမှာ မြန်မာနိင်ငံရဲ့အင်တာနက်အသုံးပြုသူအရေအတွက်များပြားလာတဲ့ အတွက်ဖြစ်ပါတယ်။ ဒီCDMA 800 Mhz ဆင်းကဒ်ဟာ လိုင်းဆွဲအားပိုကောင်းလို့ပါပဲ။

ဈေးနှုန်းကတော့ တစ်သိန်းကျပ်ခန့်ပေါက်ဈေးရှိတယ်လို့
သိရပါတယ်။
Smart Pro Journal